31 C
Yangon

စစ်ကောင်စီ၏ ၈ နာရီနီးပါးကြာမြင့်သော သွေးရူးသွေး တန်း လျှို့ဝှက် အစည်း အဝေးက NUG ၊ CRPH နှင့် PDF ကို ချေမှုန်းမယ်တဲ့လား

Must read

စစ်ကောင်စီ၏ ၈ နာရီနီးပါးကြာမြင့်သော သွေးရူးသွေး တန်း လျှို့ဝှက် အစည်း အဝေးက NUG ၊ CRPH နှင့် PDF ကို ချေမှုန်းမယ်တဲ့လား

—————————————————–

▪️အစည်းအဝေး ဆွေးနွေးချက် အပြည့်အစုံ ထုတ်ပြန်ခြင်း

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက် စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီး စိုးထွဋ် ဦးဆောင်၍ ဒီဇင်ဘာ လ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ည ၈ နာရီ ၁၅ မိနစ်အထိ ၈ နာရီနီးပါး ကြာ မြင့်သော သွေးရူးသွေး တန်း လျှို့ဝှက် အစည်းအဝေး ပြုလုပ်ခဲ့ပြီး ယင်းအစည်း အဝေးတွင် NUG ၊ CRPH နှင့် PDF ကို ချေမှုန်းရေး ဆွေးနွေးခဲ့ကြသည်။

ယင်းအစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်၊ ဒုဝန်ကြီးများ၊ ကာကွယ် ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဗဟိုဘဏ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပါအဝင် ဌာနဆိုင်ရာမှ ထိပ်တန်း အရာရှိ ၅၅ ဦးတက် ရောက်ခဲ့ကြသည်။

ယင်းအစည်းအဝေးတွင် လက်ရှိအခြေအနေများအရ NUG ၊ CRPH ၊ PDF တို့ကို အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ရန် စစ်ကောင်စီ ၏ ကြိုးပမ်းမှု မအောင်မမြင် သည့်အနေအထားကို စိုးထွဋ်က ဆွေးနွေးသွားသည်။

ရူးကြောင်ကြောင် အကြံပြုချက်များနှင့် ဆွေးနွေးချက်များ

================================

နိုင်ငံတကာနှင့် ကုလသမဂ္ဂက စစ်ကောင်စီကို အသိအမှတ်မပြုသော်လည်း ၎င်းတို့က အရှက်သိက္ခာမဲ့စွာဖြင့် သံရုံးများနှင့် နိုင်ငံတကာထံသို့ သတင်းများပေးပို့ကာ စစ်တပ်ကို လက်ခံလာအောင်ကြိုးစားနေကြသည်။

ရူးကြောင် လုပ်ရပ်အဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့က Facebook Account များကို ပိတ်သိမ်းလိုက်ပြီဟူ၍ လည်းကောင်း၊ လူမှုကွန်ရက်တွင် စစ်တပ်ကို ဆန့်ကျင်နေသော အကောင့်များကို ပိတ်သိမ်းရန် Google နှင့် Facebook ကို ကန့် ကွက် စာပို့သော်လည်း အကြောင်းမထူး ဟုဆိုကြပြန်သည်။

နယ်စပ်ရေးရာ ဒုဝန်ကြီးဆိုသူက လူမှုကွန်ရက်တွင် Hacker များ ငှားရမ်း၍ သတင်းရယူမှု လုပ်ဆောင်ရန် အကြံပြုပြန်သည်။

စစ်တပ်အတွက် သတင်းပေးမည့် သူမရှိ၍ သတင်းပေး မွေးပြီး ပြည်သူအချင်းချင်းရန်တိုက်ပေးရန် စီမံချက်ချ

=======================================

ယင်းအစည်းအဝေးတွင် ဆွေးနွေးချက်များကို ကြည့်ပါက စစ်တပ်အတွက် သတင်းပေးမည့်သူမရှိဖြစ်၍ ၎င်းတို့၏ ဖိနှိပ်မှု လုပ်ငန်းများ မအောင်မမြင် ဖြစ်နေမှုများကို ထုတ်ဖော်ပြောဆိုသွားသည်။

သတင်းပေးများ မွေးမြူရန် စီမံချက်ကို ချမှတ်သွားပြီး ယင်းအတွက်လည်း စစ်ကောင်စီက ငွေကြေး ရန်ပုံငွေအဖြစ် သန်း ၅၀၀ ချထားပေးခြင်း အပါအဝင် လုပ်ငန်း စဉ်များ ချမှတ်ထားသည်ကို မြင်တွေ့ရသည်။

ထို့ပြင် ပြည်သူအချင်းချင်း တားဆီးသည့်ပုံစံဖြင့် ရန်တိုက်ကာ PDF များကို နှိမ်နင်းရန်လည်း လုပ်ဆောင်ရန်လည်း စီမံချက်ချထားကြသည်။

မီဒီယာစစ်ပွဲမှာ စစ်ကောင်စီ အရေးနိမ့်နေ

=======================

စစ်ကောင်စီက မီဒီယာစစ်ပွဲတွင် ၎င်းတို့ အရေးနိမ့်နေပြီး CRPH ၊ NUG နှင့် PDF က အားသာ ချက်ရှိနေကြောင်း ဝန်ခံသည်။

ကမ္ဘာ့မီဒီယာကို မထိုးဖောက်နိုင်လျှင်ပင် နိုင်ငံအတွင်း ထိုးဖောက်ရန်အတွက် သတင်းရေးသားပုံများ ပြောင်းကြရန်လည်း ပြည်ထဲရေးဝန်ကြီးက ဆိုသည်။

စစ်ကောင်စီ၏ ဝါဒဖြန့် ယန္တရားကို အရှိန်အဟုန်မြှင့်ရန် ၎င်းတို့က စီမံချက်များ ချမှတ်ကြသည်။

နိုင်ငံတကာက NUG CRPH နှင့် PDF ကို အသိအမှတ်ပြုနေမှု တိုက်ဖျက်ရန် နည်းလမ်းရှာ

==========================================

ယင်းအစည်းအဝေးတွင် နိုင်ငံတကာက NUG CRPH နှင့် PDF ကို အသိအမှတ် ပြုမှုများရှိနေကြောင်း ၎င်းတို့ ဝန်ခံထားကြသည်။

ယင်းအခြေအနေကြောင့် မထိန်းသိမ်းနိုင်ဘဲ အကြမ်းဖက်မှုများ မြင့်တက်လာနိုင်သည်ဟု စစ်ကောင်စီဘက်က သုံးသပ်ထားရာ ၎င်းတို့ကိုယ်တိုင်လည်း အလွန် ရက်စက်သော နည်းလမ်းများကို သုံးရန် ပြင်ဆင်နေသည်ကို သိသာမြင်သာစေသည်။

ငွေကြေးစီးဆင်းမှု ထိန်းချုပ်ရေး

==================

ပြည်ငွေကြေးစီးဆင်းမှုကို စစ်ကောင်စီက မထိန်းချုပ်နိုင်ကြောင်း ဝန်ခံထားပြီး ပြည်တွင်းတွင် ငွေကျပ် သိန်း ၁၀၀ ကျော် လွှဲပြောင်းမှုမှန်သမျှကို စောင့်ကြည့်နေကြောင်း ဗဟိုဘဏ်ဘက်က ပြောသည်။

Wave ၊ K Pay များကို စောင့်ကြည့်ရန်လည်း တင်ပြ ဆွေးနွေးကြသည်။

CDM များ ပြည်ပထွက်ခွင့် ပိတ်ပင်ထားပြီး CDM များကို ပစ်မှတ်ထား စောင့်ကြည့်ရန် စီမံချက်ချ

=======================================

ပြည်ထဲရေးဝန်ကြီးက CDM များ ပြည်ပထွက်ခွင့် ပိတ်ပင်ထားပြီး CDM များကို ပစ်မှတ်ထားစောင့်ကြည့်ရန်၊ မလေးရှားနှင့်ထိုင်းမှ ပြန်လာသူများကို ပစ်မှတ်ထား စောင့်ကြည့်ရန် ၊ ပြည်ပ ပြန်လွှတ်ခံရသူ ၅၀၀ နီးပါးကို သေချာစောင့်ကြည့်ရန်၊ လိပ်စာနှင့်အမည်များ ပေးပို့ထားရန် ဆွေးနွေးကြသည်။

အကြမ်းဖက်မှု အမည်တပ်ထားသည့် နိုင်ငံရေးအမှု ၁၇၈၂၅ မှု စစ်တပ်က အရေးယူထားဟုဆို၊ ချိတ်ပိတ်ထားသည့် ပိုင်ဆိုင်မှုများ စစ်တပ်ပိုင် သိမ်းယူမည်

====================================

စစ်အာဏာသိမ်းချိန်မှစတင်၍ အကြမ်းဖက်မှုဟု အမည်တပ်ထားသည့် နိုင်ငံရေးအမှု ၁၇၈၂၅ မှုရှိပြီး ၇၄၀၂ မှု အမှုစွဲတင်နိုင်ခဲ့ကြောင်း၊ စစ်ဆေးဆဲ ၁၀၁၅၅ မှု၊ တရားရုံးစစ်ဆေးဆဲ ၄၃၃၂ မှုရှိကြောင်း သိရှိရသည်။

ချိတ်ပိတ်ထားသည့် ပိုင်ဆိုင်မှုများကို စစ်ကောင်စီက စစ်တပ်ပိုင်အဖြစ် သိမ်းယူရန် အစီအမံများကို လည်း စီမံချက် ဆောင်ရွက်ရန် ဆွေးနွေးထားကြသည်။

ဒရုန်းဖြတ်ချစက်များနှင့် လက်နက်များ တပ်ဆင်မည်

==============================

ဝန်ကြီးဌာနနှင့် အဆောက်အအုံများတွင် ဒရုန်းဖြတ်ချ စက်များနှင့် ဒရုန်းပစ်ချသည့် လက်နက်များ၊ ဆက်သွယ်ရေးဖြတ်တောက်သည့်စက်များ တပ်ဆင်ရန် ဦးစားပေး ဆွေးနွေးကြသည်။

စီမံချက် ၃၃ ခု နှင့် ၃ လတစ်ကြိမ် အကြံပြုချက်များ ရယူမည်

==================================

စစ်ကောင်စီက NUG CRPH PDF များကို ချေမှုန်းရန် စီမံချက် ၃၃ ခု ချမှတ်ပြီး ၃ လ တစ်ကြိမ် အကြံပြုချက်များ ပေးပို့ရန် ညွှန်ကြားသည်။

မတ်လ၊ ဇွန်၊ စက်တင်ဘာ၊ ဒီဇင်ဘာတို့တွင် အကြံပြုချက်များ ထပ်မံပေးပို့ရန် ညွှန်ကြားထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article