29 C
Yangon

စစ်ဏာရှင် ကျဆုံးရေး ညီညွတ်မှု လိုအပ်နေပြီး အားလုံး ညီညွတ်ကြရန် AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တိုက်တွန်း

Must read

စစ်ဏာရှင် ကျဆုံးရေး ညီညွတ်မှု လိုအပ်နေပြီး အားလုံး ညီညွတ်ကြရန် AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တိုက်တွန်း

ရန်ကုန်၊ ဇန်နဝါရီ ၇

ရက္ခိုင့်တပ်တော်AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က စစ်အာ ဏာ ရှင် ကျဆုံးရေးအတွက် ညီညွတ်မှု လိုအပ်နေသဖြင့် အားလုံးညီညွတ်ကြ ရန် တိုက်တွန်းပြောဆိုလိုက်သည်။

ဇန်နဝါရီလ ၆ ရက်နေ့တွင် ဒေါက်တာညိုထွန်းအောင်က ကလောင်နာမည် သူပုန်ဖြူ ဖြင့် UNITY ကဗျာရေးသားပြီး စစ်အာဏာရှင် နိဂုံးချုပ်ရေး ညီညွတ်မှု လိုအပ်နေပြီး ညီညွတ်ကြရန် တိုက်တွန်းထားခြင်းဖြစ်သည်။

UNITY ကဗျာတွင်

“ဒီတစ်ခါ

ပင်ဒိုရာ အိုးထပ်ပွင့်ကြည့်

အဲ့အိုးပြန်ပိတ်တဲ့အခါ

အာဏာရှင် ဒုစရိုက်

စစ်ရာဇဝတ်သား

တစ်ဆွေတစ်မျိုးလုံး

တစ်ယောက်မကျန်

တစ်ခါတည်းထည့်ပေးလိုက်ဖို့

ငါတို့တတွေ

အရင်ဆုံး

ညီညွတ်မှု လိုအပ်နေတယ်” ဟု ဒေါက်တာညိုထွန်းအောင်(ခ) သူပုန်ဖြူက ရေးသားထားခြင်းဖြစ်သည်။

ယမန်နှစ်ကလည်း ဒေါက်တာညိုထွန်းအောင်က သူပုန်ဖြူ ကလောင်အမည် ဖြင့် “လာမယ့် နွေဦးဟာ ငါတို့ အောင်ပွဲ” ကဗျာ ကို ရေးသားခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article