30 C
Yangon

စစ်တွေတွင် အမျိုးသား ၃ဦးသေနတ် ပစ်ခတ်ခံရပြီး သေဆုံး

Must read

စစ်တွေတွင် အမျိုးသား ၃ဦးသေနတ် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်| ဇန်နဝါရီ ၄

ရခိုင်ပြည်၏ မြို့တော်ဖြစ်သည့် စစ်တွေမြို့ စက်ရုံစုရပ်ကွက် အကွက် ၁၃ ရှိ ဆီ တန်းရှေ့တွင် ယနေ့ ဇန်နဝါရီလ ၄ရက်နေ့ နံနက်ပိုင်းက သေနတ် ပစ်ခတ် ခံရ ၍ အမျိုးသား ၃ဦးသေဆုံးလျက် တွေ့ ရှိရသည်ဟု မျက်မြင်များကပြောသည်။

ပစ်သတ်ခံရသည့် အမျိုးသား ၃ ဦးမှာ မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုနိုင် ခြင်းမရှိသေးဘဲ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း သိရှိရ သည်။

“အသတ်ခံရတာက အမျိုးသား ၃ဦးပါ။ အသက်ကတော့ ၃၀ကျော် ဝန်းကျင် လောက်ရှိမယ်။ ဘယ်သူဘယ်ဝါဆိုတာတော့ အတိကျမသိရသေးဘူး။ မနက် ၇ နာရီလောက်မှာ ပစ်သတ်ခံရတာဖြစ်တယ်။ သေနတ်သံကတော့ ၅ ချက် လောက် ကြားလိုက်ရတယ်”ဟု ၎င်းက ပြောသည်။

ပစ်ခတ်ခံရသူများသည့် မည်သူမည်ဝါ ဖြစ်ကြောင်းကို မသိရသေးဘဲ သေဆုံး သူများ ကို စစ်တွေဆေးရုံးသို့ ပို့ဆောင်ရန် ပြင်နေကြပြီး အခင်းဖြစ်ပွား သည့် နေရာသို့ စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက လာရောက် စစ်ဆေးနေကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“ဘယ်သူတွေက ပစ်သွားတာလည်း မသိရသေးဘူး။ အခုတော့ စစ်တွေ ဆေးရုံကို အလောင်းတွေကို ပို့ဖို့လုပ်ဆောင်နေကြတယ်။ စစ်ကောင်စီ တပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာက လူတွေလည်း လာစစ် ဆေးနေကြတယ်”ရပ်ကွက်နေထိုင်သူတစ်ဦးက ဟုပြောသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article