36 C
Yangon

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ် တိုက်ခိုက်မည်ဟု MNDAA ၊TNLA နှင့် AA မဟာမိတ် ၃ ဖွဲ့က တရားဝင် ကြေညာ၊ စစ်အာဏာရှင် တော်လှန်ရေးကို အိမ်နီးချင်းနိုင်ငံများက ကူညီရန် အရေးကြီး ကာလ ရောက်ပြီဟု KIO ဥက္ကဋ္ဌ ပြော

Must read

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ် တိုက်ခိုက်မည်ဟု MNDAA ၊TNLA နှင့် AA မဟာမိတ် ၃ ဖွဲ့က တရားဝင် ကြေညာ၊ စစ်အာဏာရှင် တော်လှန်ရေးကို အိမ်နီးချင်းနိုင်ငံများက ကူညီရန် အရေးကြီး ကာလ ရောက်ပြီဟု KIO ဥက္ကဋ္ဌ ပြော

ရန်ကုန်၊ ဇန်နဝါရီ ၂

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ် တိုက်ထုတ်မမည်ဖြစ်ကြောင်း MNDAA ၊TNLA နှင့် ULA/AA မဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီလ ၁ ရက်နေ့တွင် တရားဝင်ကြေညာသည်။

မြန်မာလူထုများအတွက် နှစ်သစ်ကို ဝမ်းမြောက်စွာ ကြိုဆိုကြရမည့် အစား စစ်ကောင်စီ၏ အာဏာ သိမ်းသည့် လုပ်ရပ်နှင့် အတူ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်လက်ကျူးလွန်နေသည့် ၎င်းတို့၏ လုပ်ရပ်များကြောင့် မြန်မာပြည်သူများ နေရပ်၊ အိုးအိမ်နှင့် မြို့ရွာများကို စွန့်ခွာ၍ အသက်ဘေး လွတ် ရာသို့‌ ရှောင်တိမ်းနေကြရကြောင်းနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် MNDAA၊ TNLA နှင့် AA တို့ က စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နိုင်ရန် လုပ်သင့်လုပ် ထိုက်သည် များ ကို ဆက်လုပ် ဆောင် သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁ ရက်နေ့တွင် တရားဝင် ကြေညာသည်။

စစ်အာဏာသိမ်းမှု ၂ နှစ်နီးပါးသို့‌ ရောက်ရှိလာပြီဖြစ်ပြီး အာဏာသိမ်းမှုဆန့်ကျင်သည့် ပြည်သူများ သည် အာဏာသိမ်းပြီး မရှေးမနှောင်းပင် ‘နွေဦးတော်လှန်ရေး’ ကို ရရာလက်နက်၊ ရသည့် နည်း လမ်းဖြင့် ဆင်နွဲနေသည်မှာလည်း သက်တမ်း ၂ နှစ်နီးပါးရှိပြီဖြစ်ကြောင်း၊ စစ်အာဏာ သိမ်းမှု ကြောင့် ဖြစ်ပေါ်လာသည့် လက်ရှိ ပြည်တွင်းရေး၊ နိုင်ငံရေး၊ စစ်ရေး မတည် မငြိမ်မှုများကြောင့် စစ်ဘေး ဒဏ်သင့် ပြည်သူများ ခံစားနေရသည့် ခံစားချက်များကို ညီနောင် မဟာမိတ်အဖွဲ့ ၃ ဖွဲ့ အနေနှင့် ထပ်တူထပ်မျှ စာနာ နားလည်ပြီးအပြည့်အဝ ကိုယ်ချင်းစာကြောင်း ပြောဆိုသည်။

ထို့ပြင် လက်ရှိရင်ဆိုင်နေရသည့် ပြည်တွင်းစစ်မီးကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံအတွင်း နေထိုင်သည့် ပြည်သူများနှင့် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေသည့် တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးစည်းလုံးညီညွတ်စွာ အလုပ်လုပ်ကြရန် အထူးအရေးကြီး လိုအပ်လျက်ရှိကြောင်းနှင့် ညီနောင် မဟာမိတ် ၃ ဖွဲ့အနေနှင့် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသည့် တော်လှန်ရေး အဖွဲ့အစည်း များ ထဲ မှ ပြည်သူ့ထောက်ခံမှုရရှိထားပြီး တော်လှန်ရေးဆန်သည့် အဖွဲ့အစည်းအချို့နှင့် လက်တွဲ၍ ပြည်သူများ မျှော်ထားသည့် ဘုံရည်မှန်းချက်များ ပြည့်ဝစေရန်၊ လက်ရှိအခြေအနေကို အကောင်းဆုံး ကျော်လွှားနိုင်ရန်နှင့် စစ်အာဏာရှင်စနစ်ကို တိုက်ထုတ် နိုင်ရန်အတွက် လုပ်သင့်လုပ် ထိုက်သည် များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ဟု ကြေညာထားသည်။

စည်းလုံးညီညွတ်မှုအား၊ စုစည်းညီညွတ်စွာဖြင့် ဟန်ချက်ညီညီလုပ်ဆောင်နိုင်မှာသာ စစ်အာဏာရှင် စနစ်ကို အမြစ်ဖြုတ်နိုင်မည်ဖြစ်သောကြောင့် နှစ်သစ်ကူးနေ့မှ စ၍ ယခင်ထက် အင်တိုက် အားတိုက် ကြိုးပမ်းလုပ်ဆောင်သွားကြရန် တိုက်တွန်းကြောင်း မဟာမိတ် ၃ ဖွဲ့က ကြေညာသည်။

အလားတူ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ ၂၀၂၃ ခုနှစ် နှစ်သစ်မိန့်ခွန်းတွင် ပြည်သူလူထုကို သတ်ဖြတ်နှိပ်စက်နေသည့် စစ်ကောင်စီတပ်က ရွေးကောက်ပွဲ ကျင်းပခွင့်မရှိဘဲ အဆိုပါရွေးကောက်ပွဲသည် စစ်အာဏာရှင်သက်ဆိုးရှည်အောင်ကြိုးပမ်းသည့် နည်း လမ်းတစ်ခုဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် ပြည်သူလူထုနှင့် လက်နက် ကိုင် အဖွဲ့များကို အိမ်နီးနားချင်းနိုင်ငံများက ကူညီရန် အလွန်အရေး ကြီးသည့်ကာလ ရောက်နေပြီ ဖြစ် ကြောင်း ပြောဆိုထားကြောင်း ကချင်သတင်းဌာနများက သတင်းဖော်ပြထားသည်။

ဓာတ်ပုံ- KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ MNDAA ဥက္ကဋ္ဌ ဖုန်တာရွှင်၊ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ TNLA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article