34 C
Yangon

စစ်အာဏာရှင် ချေမှုန်းမည့် နွေဦးတော်လှန်ရေး ပါဝင်ရေး ဦးမင်းကိုနိုင်၏ ဖိတ်ခေါ်မှု ရက္ခိုင့် တပ် တော်က အမှန်တကယ် လိုအပ်သော နေရာများတွင် ပါဝင်နေမည်ဟု AA ဒုစစ်ဦးစီးချုပ် ကတိပြု

Must read

စစ်အာဏာရှင် ချေမှုန်းမည့် နွေဦးတော်လှန်ရေး ပါဝင်ရေး ဦးမင်းကိုနိုင်၏ ဖိတ်ခေါ်မှု ရက္ခိုင့် တပ် တော်က အမှန်တကယ် လိုအပ်သော နေရာများတွင် ပါဝင်နေမည်ဟု AA ဒုစစ်ဦးစီးချုပ် ကတိပြု

ရန်ကုန်၊ ဇန်နဝါရီ ၁

စစ်အာဏာရှင် ချေမှုန်းရေး နွေဦးတော်လှန်ရေး သံစုံတီးဝိုင်းတွင် အားလုံးပါဝင်ရေး ဦးမင်းကိုနိုင်၏ ဖိတ်ခေါ်မှုအပေါ် ရက္ခိုင့်တပ်တော်(AA) က အမှန်တကယ်လိုအပ်သော နေရာများတွင် ပါဝင် နေမည်ဟု AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ကတိပြု ပြောဆိုလိုက်သည်။

ဒေါက်တာညိုထွန်းအောင်(ကလောင်အမည် သူပုန်ဖြူ) ရေးသားသည့် “လာမယ့် နွေဦးဟာ ငါတို့ အောင်ပွဲ” ကဗျာ အပေါ် ဦးမင်းကိုနိုင်က သုံးသပ်ချက်ရေးသားစဉ် စစ်အာဏာရှင်ကို ချေမှုန်း မည့် နွေဦးတော်လှန်ရေးတွင် AA အနေဖြင့် ဦးဆောင်ပါဝင်ရန် ဖိတ်ခေါ်လိုက်ခြင်းဖြစ်သည်။

“ဆရာညိုရေ..ခုလည်းမြို့တွေကအဝိုင်းတွေမှာ တိုင်းရင်းသား အလံတွေကိုသူတို့ထူပြနေပြန်ပြီ။ ပြည် လုံးအနှံ့ဗုံးကြဲမီးရှို့ထားတဲ့သူတို့က ဘယ်တိုင်းရင်းသားကိုကိုယ်စားပြုမှာလဲ။ အလံဆိုတာ ယုံကြည် လက်နဲ့လွှင့်ထူမှ ဝိညာဉ်ပါတာ သူတို့သိဟန်မတူပါဘူး။ တာဝန်ကိုယ်စီကြားက ပို့ရတဲ့စာမို့ ဒီမျှသာ ရပ်ပါရစေ။ အချိန်ရရင်တော့ နွေဦးလမ်းမှာတော် လှန်ပန်းစုံ သံစုံတီးမည့် Orchestra ကြီးအကြောင်း အတူပြောချင်ပါသေးတယ်။ အားလုံးသံပြိုင်ဆိုမယ့်တေး နာမည်ရွေးစေချင် ပါသေးတယ်။ ချစ် သောပြည်သူများအတွက် နှစ်သစ်လက်ဆောင် ရစေချင်ပါသေးတယ် ခင်ဗျာ” ဟု ဦးမင်းကိုနိုင်က ရေးသားထားသည်။

ဦးမင်းကိုနိုင်၏ ကဗျာသုံးသပ်ချက်ဖြင့် နွေဦးတော်လှန်ရေးတွင် ဦးဆောင်ပါဝင်ရန် ဖိတ်ခေါ်ချက်ကို AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က AA အနေဖြင့် နွေဦးတော်လှန်ရေးတွင် အမှန်တကယ် လိုအပ်သည့်နေရာများတွင် ပါဝင်နေမည်ဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေးတွင် မူလကတည်းက လက်ပိုက်ကြည့်မနေခဲ့ကြောင်း ပြန်လည် အသိပေးထားသည်။

“ကျနော်တို့ ULA/AA အဖွဲ့အစည်းအပါအဝင် စစ်ကောင်စီနှင့်တိုက်ပွဲဖြစ်နေကြတဲ့ ERO (EAO) အဖွဲ့အစည်းတွေဟာ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်ဖြစ်ပေါ်လာတဲ့ နွေဦးတော်လှန်ရေးကို ဘေးက လက်ပိုက်ရပ်ကြည့်နေကြတဲ့သူတွေ မဟုတ်ခဲ့ကြပါဘူး။ ကိုယ့်နည်းကိုယ်ဟန်၊ ကိုယ့်အဖွဲ့ အစည်းရပ်တည်ချက်၊ မူဝါဒ၊ လမ်းစဉ်တွေကို ကိုယ့်ပြည်သူလူထု လိုလားချက်၊ မျှော်မှန်းချက်ကို အခြေခံပြီး ပုံစံတစ်မျိုးမျိုးနှင့် တော်လှန်ရေးပရဝဏ်ထဲမှာ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက် ပါဝင် နေကြသူတွေချည်းပါပဲ။ ရက္ခိုင့် တပ်တော် (၁၂) နှစ်မြောက် တပ်တော်မွေးနေ့သို့ ပေးပို့ခဲ့ကြတဲ့ ဂုဏ်ပြုသဝဏ်လွှာတွေကို ကြည့်ရင် ကောင်းစွာသိနိုင်ပါတယ်။ ကျနော့်အနေနှင့်ပြောရရင် ကျနော်တို့ဟာ ရက္ခိုင့်တော်လှန်ရေးကို ဆယ်စုနှစ်ချီပြီး ဖြတ်သန်းခဲ့တဲ့ တော်လှန်ရေး အဖွဲ့အစည်းနှင့် တော်လှန် ရေးသမားစစ်စစ် တစ်ယောက်အနေနှင့် ရှိနေခဲ့ပါတယ်။ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို ပြောစရာမလိုဘဲ တော်လှန်ရေး အသိ၊ တော်လှန်ရေးသတိနှင့် လုပ်ပေးလို့ရတဲ့အရာတွေကို လုပ်ပေးနေပါတယ်။ ကျနော်တို့ဟာ ဒီနိုင်ငံထဲမှာ ကျနော်တို့ရဲ့ တော်လှန်ရေး၊ နွေဦးတော်လှန်ရေး မအောင်မြင်မချင်း တော်လှန်ရေးထဲမှာ Anonymous ပုံစံမျိုးနှင့် တော်လှန်ရေးရဲ့ အမှန်တကယ် လိုအပ်တဲ့နေရာက ရှိနေမှာပါ။ ဘာလို့ဆို ကျနော်တို့တော်လှန်ရေးဟာလည်း လမ်းခုလတ်ထဲမှာပဲ ရှိနေသေးတာမို့ပါ” ဟု ဒေါက်တာညိုထွန်းအောင်က လူမှုကွန်ရက်မှတစ်ဆင့် ရေးသား ထားသည်။

စစ်အာဏာရှင်ကို တော်လှန်ကြမည့် တော်လှန်ရေးသမားအချင်းချင်း အမြဲပေါင်းစပ်ပြီး ဘုံဆုံမှတ်များဖြင့် အလုပ်လုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ကျနော်တို့ဟာ တော်လှန်ရေးတာဝန်ကို ဆယ့်သုံးနှစ်ခန့် တစိုက်မတ်မတ် အားခွန်သွန်စိုက်ကြိုးပမ်း ဆောင်ရွက်နေကြပြီး တော်လှန် ရေးဟာ ဘဝ၊ တော်လှန်ရေးဟာ အသက်ဆိုတဲ့ ခံယူချက်မျိုးနှင့် ကျနော်တို့လူမျိုးတွေရဲ့ အမျိုးသားရေးဆိုင်ရာ နစ်နာချက်၊ ရပိုင်ခွင့် တွေအတွက် တိုက်ပွဲဝင် နေကြတဲ့သူတွေမို့ နွေဦးတော်လှန်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့သူတွေ အကြားမှာ ဒီအချက် တွေဟာ တူညီနေသလို ကျနော်တို့ တော်လှန်ရေးသမား၊ အဖွဲ့အစည်းအချင်းချင်း အကြားမှာ ပေါင်းစပ်၊ ပေါင်းကူ၊ ပေါင်းစု၊ ပေါင်းလုပ်၊ ပေါင်းတိုက် လို့ရတဲ့ ဘုံစုရပ် ဆုံမှတ်တွေ ရှိပြီးသားပါ။ ကျနော်တို့ဟာ အဲ့နေရာတွေမှာ အမြဲရှိနေပါတယ်။ ဘယ်အချိန်မဆို လာရှာလို့ ရပါတယ်။ ရေးစ ရာတွေ၊ ပြောစရာတွေက အများကြီးရှိနေပါသေးတယ်။ တစ်ခါတစ်ခါ စာရေးဖို့ စျာန်ဝင်စားတဲ့ အချိန်၊ အခွင့်အရေးပေးရင် ထပ် ရေးပါအုံးမယ်။ ကိုမင်းကိုနိုင်မေးထားတဲ့ သံပြိုင်သီဆိုမယ့် တေးနာမည်ကို ကျနော့်ကို ရွေးပေးပါလို့ ပြောထားတော့ ဒီနာမည်ကို ကိုမင်းကိုနိုင်တို့ ရွေးချယ်တာက ပိုကောင်း မယ်ထင်ပါတယ်” ဟု ဒေါက်တာ ညိုထွန်းအောင်က ရေးသားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article