31 C
Yangon

စစ်အာဏာရှင် ချေမှုန်းရေးအတွက် ကျောင်းသားလူငယ်များ ပါဝင်သော တော်လှန်သောကျောင်းသားများတပ်ဦး ဖွဲ့စည်း၊ မဟာမိတ်များနှင့် ပူးပေါင်းပြီး တိုက်ပွဲဝင်နေပြီဟုဆို

Must read

စစ်အာဏာရှင် ချေမှုန်းရေးအတွက် ကျောင်းသားလူငယ်များ ပါဝင်သော တော်လှန်သောကျောင်းသားများတပ်ဦး ဖွဲ့စည်း၊ မဟာမိတ်များနှင့် ပူးပေါင်းပြီး တိုက်ပွဲဝင်နေပြီဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၅

နိုင်ငံတစ်ဝန်းရှိ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်‌ ကျောင်းသားလူငယ်များနှင့် စု ပေါင်း ၍ တော်လှန်သော ကျောင်းသားများတပ်ဦးကို ဖွဲ့စည်းခဲ့ပြီး မဟာ မိတ်များနှင့် ပူးပေါင်း၍ တိုက်ပွဲဝင်နေပြီဖြစ်ကြောင်း ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

ကျွန်တော်တို့အနေနဲ့ ‌အခြေစိုက်ဒေသမှာရှိတဲ့ မဟာမိတ်တွေနဲ့ ချိတ်ဆက်ပြီး လှုပ်ရှားနေတာမျိုးတွေရှိပါတယ်။ စစ်ဒေသကွပ်ကဲရေး ခရိုင်ကွပ်ကဲရေး တွေနဲ့ လည်း ချိတ်ဆက်ဆောင်ရွက်နေပါတယ်ခင်ဗျာ။ လက်ရှိထိတော့ ကျွန်တော် တို့ပုံစံက Local PDF ပုံစံမျိုးတော့ ပိုရောက်မယ်ထင်တယ်။ NUG ကာကွယ် ရေး ဝန်ကြီးဌာနနဲ့ကျွန်တော်တို့ကြားမှာ တရားဝင်ဆွေးနွေးနေတာ မရှိသေး ပေမယ့် ခိုင်မာတဲ့ ထိတွေ့ဆက်ဆံမှုတွေရှိပါတယ်” ဟု တော်လှန်သော ကျောင်း သားများတပ်ဦးအဖွဲ့မှ တာဝန်ရှိသူမှ ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

တော်လှန်သောကျောင်းသားများတပ်ဦးသည် ကျောင်းသားသမဂ္ဂအရိပ်ကိုခို၍ ကျရာနေရာတွင် နည်းလမ်းပေါင်းစုံဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင် တော်လှန် လျက်ရှိရာတွင် အကြမ်းဖက်စစ်ကောင်စီသည် အာဏာရရေး၊ အာဏာဖြင့် လူထုကို ဂုတ်သွေးစုပ်၍ ပြည်သူကို သတ်ဖြတ်နေမှုကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီး စစ်အစိုးရစစ်အုပ်စု၊ စစ်ဗျူရိုကရက်ယန္တရားဟူသော စစ်သုံး စစ်ကို အမြစ်ဖြတ်ချေမှုန်းရန် လက်နက်ကိုင်တိုက်ပွဲဆင်နွှဲမှသာ ဖြိုချနိုင်မည် ဖြစ်၍ လက်နက်ကိုင်တိုက်ပွဲဝင်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်သော ကျောင်းသားများတပ်ဦး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ အဓိကကတော့ လက်နက်ပြခြိမ်းခြောက်ပြီး ပြည်သူကို ဂုတ်သွေးစုတ်နေတဲ့ စစ်တပ်ကို နည်းလမ်းပေါင်းစုံနဲ့ဖြိုချနိုင်ဖို့ ကျွန်တော်တို့ ပြည်သူတွေ ကြိုးစား နေကြပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ဆန္ဒပြသပိတ်မှောက် CDM လုပ်တာ အပါအဝင် ရရာနည်းလမ်းစုံနဲ့တော်လှန်နေပါတယ်။ ဒီထဲမှာမှ နောက် ထပ် နည်းနာတစ်ခုဖြစ်တဲ့ စစ်ရေးနည်းကိုပါ ကျွန်တော်တို့ ရွေးချယ် ထားခဲ့ တာပါခင်ဗျာ” ဟု တော်လှန်သောကျောင်းသားများတပ်ဦးအဖွဲ့မှ တာဝန်ရှိသူ က ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

တော်လှန်သောကျောင်းသားများတပ်ဦးအနေနှင့် လက်နက်ကိုင်ရန် ရွေးချယ်ခဲ့ သည်မှာ အချိန်ကာလတစ်ခု ကြာပြီဖြစ်ကြောင်း၊ ဒေသခံမဟာမိတ်များနှင့် ပူပေါင်း ၍ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်တွင် ဒေသတစ်ခု သတ်မှတ်၍ စုစည်းခဲ့ကြခြင်းဖြစ်ကြောင်း တော်လှန်သောကျောင်းသား တပ်ဦး အဖွဲ့ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article