37 C
Yangon

စစ်အာဏာရှင် တော်လှန်ရေး လူငယ်များကို ဦးဆောင်ဖမ်းဆီးခဲ့သူ လှိုင်သာ ယာ ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲထွန်းဦး လက်ဖက်ရည်ဆိုင်တွင် ပစ်ခတ်ခံ ရပြီး သေဆုံး

Must read

စစ်အာဏာရှင် တော်လှန်ရေး လူငယ်များကို ဦးဆောင်ဖမ်းဆီးခဲ့သူ လှိုင်သာ ယာ ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲထွန်းဦး လက်ဖက်ရည်ဆိုင်တွင် ပစ်ခတ်ခံ ရပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၂၀ ရပ်ကွက် မှ စစ်ကောင်စီခန့် အုပ်ချုပ် ရေးမှူး ရဲထွန်းဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲထွန်းဦးသည် ရပ်ကွက်ရုံးအနီး လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် သေနတ်သမားတချို့က ဝင်ရောက်ပစ်ခတ်ရာမှ ပွဲချင်းပြီး သေဆုံးသွား ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“၂၀ ရပ်ကွက် လှိုင်သာယာ အုပ်ကြီး စွေစောင်း ခေါ် ရဲထွန်းဦးပစ်သတ်ခံရ ပွဲချင်းပြီး ဂန့်ပါတယ်။ ကျောင်းလမ်းမှာ ပစ်သတ်ခံရတာ။ သူက စစ်အာဏာရှင် သန်းရွှေလက်ထက်မှာ ရပ်ကွက် လူကြီးလုပ်တယ်။ NLD လက်ထက်ပြုတ် သွား တယ်။ မအလ အာဏာသိမ်းတော့ ချက်ချင်းနေရာပြန်ယူတာ။ လောလော ဆယ် လမ်းတွေ ပိတ်ထားလို့ ကားတွေ၊ လူတွေ လှည့်ပတ် သွားနေရတယ်။ ရပ်ကွက်ရုံးရှေ့ စာသင်ကျောင်းဘေးကလက်ဖက်ရည်ဆိုင်မှာ ပစ်ခတ်ခံရ တာ။ အာဏာသိမ်းပြီးချိန် အုပ်ကြီးဖြစ်တော့ အိမ်တွေမြေတွေဝယ်ပြီး ဆောက် ထားတယ် တစ်လ ကို သိန်းခြောက်ဆယ်လောက်ရနေတာ။ ဒလန်လည်း လုပ်တယ်။ တော်လှန်ရေးလူငယ်တွေကိုလည်း ဖမ်းခဲ့တာ သူပဲ” ဟု ရပ်ကွက် နေပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်က လမ်းများကို ပိတ်ဆို့ထားပြီး ပစ်ခတ်သူများကို လိုက်လံ ရှာဖွေနေကြောင်း၊ ပစ်ခတ်ခံရပြီး သေဆုံးသူ အုပ်ချုပ်ရေးမှူး ရဲထွန်းဦးသည် ကြံ့ဖွတ်ပါတီဝင်တစ်ဦးလည်း ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နှစ် ရန်ကုန်တွင် လုံခြုံရေးယူနေသော အကြမ်းဖက် စစ်ကောင် စီ တပ်ဖွဲ့ဝင်ရဲများ။

Photo- CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article