36 C
Yangon

စဥ့်ကူးတွင် စစ်သားများကို ၃ ရက်ဆက် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ ပလမြို့နှင့် မုံရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံး

Must read

စဥ့်ကူးတွင် စစ်သားများကို ၃ ရက်ဆက် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ ပလမြို့နှင့် မုံရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၆

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်မှ စစ်သားများကို ၃ ရက်ဆက် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှု ၃ ဦးသေဆုံးကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၄ ရက်၊ ၁၅ ရက် နှင့် ၁၆ ရက်နေ့တို့တွင် စဥ့်ကူးမြို့နယ်၊ ရွာသာယာ ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်မှ စစ်သားများသည် ရွာစဥ်လှည့်၍ ခိုးဆိုးလုယက်ပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်စီးနေစဥ် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ၃ ရက်ဆက် ဒရုန်း ၃ စီးဖြင့် ဗုံးသီး ၁၂ လုံး ပစ်ချတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကောင်းကင် တော်လှန်ရေးအင်အားစု (ပြင်ဦးလွင်ခရိုင်ပကဖ)၊ စဉ့်ကူးမြို့နယ်ပကဖ၊ ADRFတော်လှန်ရေးအင်အားစု_မတ္တရာ၊ Peacock Soldier Maadaya၊ Peacock Warrior Force Madaya၊ SKY HERO – Madaya၊ Adventure – ASD တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ပလမြို့တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်ခန့် ပလမြို့အတွင်း တောကြီးမြွေဟောက်တပ်အဖွဲ့ (King cobra) ရဲဘော်များ နယ်မြေရှင်းလင်းစဥ် အကြမ်းဖက် စစ်တပ်မှ စစ်သားများနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦး တိုက်ပွဲအတွင်း မိုင်းစထိမှန် သေဆုံးခဲ့ကာ PDF ရဲဘော် ဘိုဖြူ (ခ)တောပျော်လည်း တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြေနဲကျေးရွာ၊ မိုးညှင်းသံဗုဒ္ဓေဘုရားအနီးရှိ မုံရွာ GTC ကျောင်းအတွင်းမှ ထွက်လာ သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်ကားနှစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Aera 71 Defence Force ထံမှ သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက် နံနက် ၉ နာရီ မိနစ် ၂၀ ခန့်က မုံရွာ GTC ကျောင်းအတွင်းတပ်စွဲပြီး အရပ်ဝတ်များ ဖြင့် အရပ်သားကားများဖြစ်သည့် ပါကျဲရိုးကားတစ်စီးနှင့် ဒိုင်နာကားတစ်စီးကို အသုံးပြုကာထွက်ခွာလာစဉ် လမ်းဘေးတစ်နေရာမှာ အသင့်စောင့်ဆိုင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒိုင်နာကားပေါ်စီးနင်းလိုက်ပါလာသည့် စစ်သားတစ်ဦးမှာ နေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားများဘက်မှ အော်တိုမောင်းပြန်သေနတ်များဖြင့်သာမက ၄၀ မမ လက်နက်ကြီးများဖြင့်ပါ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ Area 71 PDF Monywa မှ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များအထိအခိုက် မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article