36 C
Yangon

စာရေးဆရာမ ဒေါ်သန်းမြင့်အောင် နေအိမ်ရောက်ရှိ ၊ အကျဉ်းသား ၇,၀၁၂ ဦး ကို လွတ်ငြိမ်းချမ်းပေးပြီး တချို့ကို ပြစ်ဒဏ်သက်သာခွင့်ပြုဟု စစ်ကောင်စီ က ထုတ် ပြန်

Must read

စာရေးဆရာမ ဒေါ်သန်းမြင့်အောင် နေအိမ်ရောက်ရှိ ၊ အကျဉ်းသား ၇,၀၁၂ ဦး ကို လွတ်ငြိမ်းချမ်းပေးပြီး တချို့ကို ပြစ်ဒဏ်သက်သာခွင့်ပြုဟု စစ်ကောင်စီ က ထုတ် ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၄

အကြမ်းဖက်စစ်ကောင်စီက မတရားထောင်သွင်းအကျဉ်းချထားတဲ့ စာရေး ဆရာမ ဒေါ်သန်းမြင့်အောင် ရန်ကုန်နေအိမ်သို့ရောက်ရှိနေပြီဖြစ်ပါတယ်။

ဒီနေ့မှာ စစ်ကောင်စီက အကျဉ်းသား ၇,၀၁၂ ဦးကို လွတ်ငြိမ်းချမ်းပေးပြီး တချို့ကို ပြစ်ဒဏ်သက်သာခွင့်ပြုဟု အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန် ပါတယ်။

ဒီနေ့မှာကျရောက်တဲ့ ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့မှာ နိုင်ငံတဝှမ်း အကျဉ်းထောင်တွေက အကျဉ်းသူ၊အကျဉ်းသား ၇,၀၁၂ ဦးကို စစ်ကောင်စီက ပြစ် ဒဏ်လွတ်ငြိမ်းခွင့်ပေးတယ်လို့ ကြေညာပါတယ်။

ဒါ့အပြင် လူသတ်မှု ၊ ပေါက်ကွဲမှု ၊ မတရားအသင်းအမှု ၊လက်နက်အမှု ၊ သ ဘာဝ ဘေးအမှု ၊ အကြမ်းဖက်အမှု ၊အဂတိမှု မှအပ ကျန်တဲ့ ဥပဒေတွေနဲ့ ထောင် ချခံရသူတွေကို ကျခံရတဲ့ ထောင်ဒဏ်ရဲ့ ၆ ပုံ ၁ ပုံ စစ်ကောင်စီက သက်သာခွင့်ပေးတယ်လို့ စစ်တပ်က ထုတ်ပြန်ကြေညာပါတယ်။

Photo Credit- မရွှေမှုန်ဖေ့ဘုတ်စ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article