40.9 C
Yangon

ဆင်ပေါင်ဝဲတွင် သငှားရွာ အုပ်ချုပ်‌‌ရေးမှူး မြင့်ဇော်နှင့် သတင်း ပေးဟု စွပ်စွဲ ခံရ သူ ထိန်လင်းတို့ ပစ်ခတ်ခံရပြီး သေဆုံး၊ လက်နက်ထုတ် စက်ရုံ ကပစ ၈ သို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားလိုင်းကို မိုင်းခွဲပြီး စစ်ကြောင်းကိုပါ မိုင်းဆွဲ

Must read

ဆင်ပေါင်ဝဲတွင် သငှားရွာ အုပ်ချုပ်‌‌ရေးမှူး မြင့်ဇော်နှင့် သတင်း ပေးဟု စွပ်စွဲ ခံရ သူ ထိန်လင်းတို့ ပစ်ခတ်ခံရပြီး သေဆုံး၊ လက်နက်ထုတ် စက်ရုံ ကပစ ၈ သို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားလိုင်းကို မိုင်းခွဲပြီး စစ်ကြောင်းကိုပါ မိုင်းဆွဲ

ရန်ကုန်၊ ဇန်နဝါရီ ၂၂

မကွေးတိုင်း၊ ဆင်ပေါင်ဝဲတွင် သငှားရွာ အုပ်ချုပ်‌‌ရေးမှူး မြင့်ဇော်နှင့် သတင်း ပေးဟု စွပ်စွဲခံရသူ ထိန်လင်းတို့ကို PDF တပ်က ပစ်ခတ်ခံရာ သေဆုံး သွား ခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ထုတ် စက်ရုံ ကပစ ၈ သို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားလိုင်းကို မိုင်းခွဲခဲ့ကြောင်း၊ စစ်တပ် စစ်ကြောင်းကိုပါ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ဆင်ပေါင်ဝဲမြို့နယ်)မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၂၉ ရက် ည ၇ နာရီအချိန်နှင့် ဇန်နဝါရီလ ၃ ရက် ည ၇ နာရီ ၁၅ မိ နစ် အချိန်တို့ တွင် ဆင်ပေါင်ဝဲမြို့နယ်၊ ဆင်မြူးအောင်ကျေးရွာမှ စစ်တပ် သတင်း ပေးဟု စွပ်စွဲခံရသူ ထိန်လင်းနှင့် သငှားကျေးရွာမှ စစ်ကောင်စီ ခန့် အုပ်ချုပ် ရေးမှူး မြင့်ဇော်တို့ကို ပစ်ခတ်ရာ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဇန်နဝါရီလ ၁၈ ရက် ည ၁၀ နာရီ ၁၅ မိနစ်အချိန်က မြို့ပေါ်တွင် ကင်း လှည့် နေသော စစ်ကြောင်းကို အဝေးထိန်းမိုင်း ၁ လုံးဖြင့် ဖောက် ခွဲတိုက် ခိုက် ခဲ့ရာ ဆိုင်ကယ်များကို ဆိုင်ကယ်များ လဲကျ တိမ်းမှောက်ပြီး ထိခိုက် ဒဏ် ရာ ရရှိသူအချို့ရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ဆင်ပေါင်ဝဲမြို့နယ်)မှ တာဝန် ရှိသူက ပြောသည်။

ထို့အတူ ဇန်နဝါရီလ ၁၈ ရက် ည ၁၅ မိနစ်က ဆင်ပေါင်ဝဲမြို့နယ်၊ ဖိုစွတ် ကျေးရွာ အနီးရှိ စစ်ကောင်စီ၏ လက်နက်စက်ရုံ ဆင်ပေါင်ဝဲကပစ ၈ သို့ သွယ်တန်းထားသော လျှပ်စစ်ဓာတ်အားခွဲရုံနှင့် ဓားအားခွဲရုံ အဝင်၊ အထွက် မီးတိုင်နှစ်ခုလုံးကို အဝေး ထိန်း မိုင်း ၅ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မီးတိုင် နှစ်တိုင် လဲကျပြီး ဓာတ်အားခွဲရုံအတွင်းရှိ ထရန်စဖော်မာ များအကြီး အကျယ် ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု ၄ ကြိမ်လုံးကို ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ ဆင်ပေါင်ဝဲ မြို့ နယ် ရဲဘော်များက လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ် ရေး တပ် ဖွဲ့ဝင်များ အထိအခိုက်မရှိ ဌာနေစခန်းသို့ ပြန်လည်ရောက်ရှိပြီဖြစ် ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ဆင်ပေါင်ဝဲမြို့နယ်)အနေဖြင့် စစ်အာဏာရှင် မှန် သမျှ အပြီး တိုင် ချုပ်ငြိမ်းသည်အထိ ဆက်လက်အရှိန်မြှင့်ကာ တိုက်ခိုက် သွား မည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီထောက်တိုင်၊ စစ်တပ်၊ ရဲများနှင့် အဝေး ကွာဆုံး သွားလာနေထိုင်ကြရန် ပြည်သူများကို သတိပေးချက် ထုတ်ပြန် ထား သည်။

ဓာတ်ပုံ- ကျောက်ကြီးတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် ရာအိမ်မှူးတစ်ဦး။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article