28 C
Yangon

ဆားလင်းကြီးတွင် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာများကို PDF တပ်ဖွဲ့က အစားအသောက်နှင့် အသုံးအဆောင် ပစ္စည်းများ လှူဒါန်း

Must read

ဆားလင်းကြီးတွင် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာများကို PDF တပ်ဖွဲ့က အစားအသောက်နှင့် အသုံးအဆောင် ပစ္စည်းများ လှူဒါန်း

ရန်ကုန်၊ ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာများကို PDF တပ်ဖွဲ့က အစားအသောက်နှင့် အသုံးအဆောင် ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း မျိုးဆက်သစ်လူငယ် Local PDF တပ်ဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကိုင်းကျေးရွာအား သွားရောက်ပြီး မျိုးဆက်သစ်လူငယ် Local PDF မှ နေအိမ် မီးရှို့ဖျက်ဆီးခံရသည့် ပြည်သူများကို ဆန်၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်နှင့် ဆပ်ပြာဆီ များ လှူဒါန်းခဲ့​ကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်သည် ဇန်နဝါရီလ ၈ ရက်နေ့က ဘင်္ကားရွာမှ နေအိမ်၂ လုံး၊ ဖောင်းကတာကျေးရွာ နေအိမ် ၆၀ လုံး၊ ကျောက်ဖြူတိုင်ရွာမှ နေအိမ် ၈၆ လုံးနှင့် ကိုင်းကျေးရွာမှ နေအိမ် ၄၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article