36 C
Yangon

ဆားလင်းကြီးတွင် စစ်တပ်က ကျေးရွာ ၃ ခုကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၁၀ ခုကျော်မှ ပြည်သူ ၇၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ဆားလင်းကြီးတွင် စစ်တပ်က ကျေးရွာ ၃ ခုကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ ၁၀ ခုကျော်မှ ပြည်သူ ၇၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာ ၃ ခုကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့တွင် အင်အား ၇၀ ခန့်ရှိသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နံနက်ပိုင်းတွင် ပိုင်းတောင်ကြီးကျေးရွာနှင့် ကျောက်မှော်ကျေးရွာတို့ကို မီးရှို့ ဖျက်ဆီးခဲ့​ပြီး မွန်းလွဲပိုင်းတွင် ဖောင်ကထာကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါသည်။

ဆားလင်းကြီးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်းမီးရှို့မှုကြောင့် ပိုင်းတောင်ကြီး၊ ကျောက်မှော်၊ ထန်းပု၊ ထန်းဇင်၊ မယ်ဇလီကန်၊ ဥသျှစ်ပြား၊ ဖောင်းကထာ ၊သဲကောကြီး၊ အေးကုန်း၊ လယ်တီ၊ ဆည်တည်း၊ တုံကျေးရွာ အစရှိသည့်ကျေးရွာ ၁၀ ခုကျော်မှ ပြည်သူ ၇၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ဇန်နဝါရီ ၁၀ရက်နေ့တွင် ချင်းတွင်းမြစ်ကြောင်းအတွင်း အကြမ်းဖက် စစ်တပ် မော်တော်များကို ကာကွယ်ရေးတပ်များမှ တိုက်ခိုက်ခဲ့ပြီးနောက် စစ်သား၂၀ခန့်သေဆုံးခဲ့သောကြောင့် အနီးနားကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

Photo – AungKhantZaw

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article