35 C
Yangon

ဆားလင်းကြီးတွင် စစ်တပ် မီးရှို့သွားသည့် ကျေးရွာ ၄ ခုက အိမ်ထောင်စု ၁၀၀ အား အညာပစ်တိုင်းထောင် အဖွဲ့က မီးဖိုချောင်သုံး ပစ္စည်းများ၊ ဆန်နှင့် ဆီများ လှူဒါန်း

Must read

ဆားလင်းကြီးတွင် စစ်တပ် မီးရှို့သွားသည့် ကျေးရွာ ၄ ခုက အိမ်ထောင်စု ၁၀၀ အား အညာပစ်တိုင်းထောင် အဖွဲ့က မီးဖိုချောင်သုံး ပစ္စည်းများ၊ ဆန်နှင့် ဆီများ လှူဒါန်း

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ဆာလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် မီးရှို့ခဲ့သော ကျေးရွာ ၄ ရွာရှိ အိမ်ထောင်စု ၁၀၀ အားတစ်အိမ်ထောင်လျှင် ဒယ်အိုး ၁ လုံး၊ ဒန်အိုး ၁ လုံး၊ ကြွေအုပ် ၁ လုံး ၊ဇလုံ ၂ လုံး၊ ဇွန်း ၃ ချောင်း၊ ဆန် ၂ ပြည်နှင့် ဆီ ၅၀ သားအား အညာပစ်တိုင်း ထောင်လေးများအဖွဲ့မှ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ အညာပစ်တိုင်းထောင်လေးများအနေနဲ့ ဆားလင်းကြီးမြို့နယ် မီးရှို့ခံရသော အိမ်ခြေ ၄၀၈ အိမ်ကိုထောက်ပံ့နိုင်ခဲ့ပါတယ်။ စစ်အာဏာရှင်ရဲ့ယုတ်မာမှုကို ခံရသောကျေးရွာတွေကို အတက်နိုင်ဆုံးကူညီဆောင်ရွက်ပေးနေပါတယ်။ ပြည်သူမှ ပြည်သူအချင်းချင်း ကူညီမှု ပေးကြဖို့လည်းတောင်းဆိုပါတယ်။ ပြည်တွင်း ပြည်ပက အလှူရှင်တွေကိုလည်း ဆက်လက်တောင့် ခံထားပီးလှူဒါန်းပေးစေလိုပါတယ်။ဆန်ဖိုးလှူဒါန်း ပေးတဲ့ CDM ဗိုလ်တစ်ဦးအား ကျွန်တော်တို့ အညာ ပစ်တိုင်း ထောင်လေးများ အဖွဲ့မှအထူးပင် ကျေးဇူးတင်အပ် ပါတယ်”ဟု အညာပစ်တိုင်း ထောင်လေးများ အဖွဲ့က ဦးဆောင်သူကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article