36 C
Yangon

ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာကျေးရွာနှင့် ဘင်္ကါကျေးရွာကို စစ်တပ်က ယခု မီးတင်ရှို့နေပြီး ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးနေရ

Must read

ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာကျေးရွာနှင့် ဘင်္ကါကျေးရွာကို စစ်တပ်က ယခု မီးတင်ရှို့နေပြီး ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးနေရ

ရန်ကုန်၊ ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာကျေးရွာနှင့် ဘင်္ကါကျေးရွာကို စစ်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက်မီးရှို့နေကြောင်း ဒေသပြည်သူများနှင့် ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

ဇန်နဝါရီ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် စစ်တပ်က ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာကျေးရွာနှင့် ဘင်္ကါကျေးရွာကို စစ်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက်မီးရှို့ခြင်းဖြစ်ကြောင်း၊ မီးရှို့နေသော စစ်ကြောင်းသည် အင်အား ၁၀၀ ကျော်ရှိပြီး လက်နက်ကြီးများ ပစ်ခတ်ကာ ကျေးရွာများအတွင်း ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ယင်းနောက် ကျေးရွာရှိ ပြည်သူပိုင်နေအိမ်များကို မီးတင်ရှို့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဆားလင်းကြီးမြို့နယ်အတွင်းမှာ ဇန်နဝါရီ ၃ ရက်နေ့ မုံရွာကနေ မော်တော်အမြန်ယာဥ်တစ်စီးနဲ့ လာတဲ့ ခွေးတွေက ဆားလင်းကြီးမြို့ပေါ်ကနေ တဆင့်‌ ဇန်နဝါရီလ ၅ ရက်နေ့မှာ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးတယ်။ ဇန်နဝါ ရီလ ၆ ရက်နေ့မှာ ဘင်္ကါးကျေးရွာ၊ ဖောင်းကတာ ကျေးရွာ ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေပါတယ်” ဟု ယင်းမာပင်ခရိုင်တပ်ရင်း ၂၈၊ ဓားမဆိုင်းတပ်မတော်D.M.S.Aအထူးတိုက်ခိုက်ရေးအဖွဲ့မှ ဗိုလ်ထွဋ်ခေါင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိတွင် ကျေးရွာများမှ ပြည်သူ ၁၀၀၀၀ ကျော်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး လတ်တလော စစ်တပ်၏ ဖမ်းဆီးမှုခံရသော ပြည်သူ မရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article