34 C
Yangon

ဆားလင်းကြီးရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က တစ်ရက်တည်း မီးရှို့ဖျက်ဆီး၊ ဝဲကြီးဝဲကွဲရွာသား ၁ ဦးကို စစ်တပ်က ပစ်သတ်

Must read

ဆားလင်းကြီးရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က တစ်ရက်တည်း မီးရှို့ဖျက်ဆီး၊ ဝဲကြီးဝဲကွဲရွာသား ၁ ဦးကို စစ်တပ်က ပစ်သတ်

ရန်ကုန်၊ ဇန်ဝါရီ ၁၃

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က တစ်ရက်တည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ဖောင်းကတာ ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ဆည်းတည်းရွာ၊ ဇီးတော ရွာဟောင်းတို့ကို မီးရှို့ဖျက်ဆီးပြီး ဝမ်ပေါင် ကုမ္ပဏီထဲသို့ ဝင်ရောက်သွားပြီးနောက် မိုးကြိုးပြင် တောင်ရွာနှင့် အလယ်ရွာတို့ကို မွန်းလွဲပိုင်းတွင် ဆက်တိုက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့ညက ဖောင်းကတာမှာ ညအိပ်ပြီး ဒီနေ့ နံနက်ပိုင်း လက်ပံတောင်းကြေးနီစီမံကိန်း တောင်ဘက်ကပ်လျက်ရှိတဲ့ ဆည်းတည်း၊ ဇီးတော ရွာဟောင်းကို မီးရှို့အပြီး ဝမ်ပေါင်ကုမ္ပဏီထဲသို့ ဝင်ရောက်ပြီး သိပ်မကြာခင်မှာပဲ မိုးကြိုးပြင် တောင်ရွာန​ဲ့ အလယ်ရွာကိုရောက်လာပြီး အကြောင်းမဲ့ မီးစရှို့လို့ ဒေသခံရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။ ရွာသားများ ဖမ်းဆီးမိသည့် သတင်းကိုတော့ လောလောဆယ် မသိရှိရသေးပါဘူး။ မီးရှို့စဥ် ပေါက်ကွဲသံ ၄ ချက်လောက်ကြားရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ် ဝဲကြီးဝဲကွဲရွာသား ကိုဇာနည်ထွန်းကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ပစ်သတ်သွားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article