32 C
Yangon

ဆားလင်းကြီး၊ ဆားထုံရွာကို စစ်တပ်က Mi-35 ရဟတ်ယာဥ်ဖြင့် ပစ်ခတ်နေ

Must read

ဆားလင်းကြီး၊ ဆားထုံရွာကို စစ်တပ်က Mi-35 ရဟတ်ယာဥ်ဖြင့် ပစ်ခတ်နေ

ရန်ကုန်၊ ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဆားထုံရွာကို အကြမ်းဖက် စစ်တပ်က Mi-35 ရဟတ်ယာဥ်ဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ဆားလင်းကြီးမြို့နယ်၊ ဆားထုံရွာကို အကြမ်းဖက် စစ်တပ်က Mi-35 ရဟတ်ယာဥ်ဖြင့် လာရောက် ပစ်ခတ်လျက်ရှိပြီး ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“ထိခိုက်မှု အခြေအနေတွေ အတည်မပြုနိုင်သေးဘူး။ ရဟတ်ယာဥ်က ရွာပတ်ပတ်လည်လည်ကို လှည့်ပတ်ပျံသန်းပြီး ပစ်နေတာ ရွာထဲလားရွာပြင်လား ဘယ်နားကို ပစ်လည်းမသိရသေးဘူး။ အဝေးကနေ လှမ်းမြင်ရတဲ့ အခြေအနေဆိုတော့ ပျက်စီး ဆုံးရှုံးမှုအခြေအနေလည်း မသိရသေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article