36 C
Yangon

ဆားလင်းကြီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ သေဆုံး၊ ရွှေဘိုတွင် စစ်ကြောင်းထိုးနေသော စစ်သားများ တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး

Must read

ဆားလင်းကြီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ သေဆုံး၊ ရွှေဘိုတွင် စစ်ကြောင်းထိုးနေသော စစ်သားများ တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၇

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဆားထုံးကျေးရွာအနီး တွင် ယမန်နေ့ နံနက် ပိုင်း စစ်တပ်နှင့် PDF မဟာ မိတ်တပ်ပေါင်းစုများအကြား တိုက်ပွဲဖြစ် ပွားပြီး စစ် တပ်ဘက်မှ ၂၀ ဦးသေဆုံးကြောင်း အမျိုးသားညီညွတ် ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၁၆ ရက်နေ့၊ နံနက် ၁၁ နာရီအချိန် ဆားလင်းကြီးမြို့နယ်၊ ဆားထုံး ကျေးရွာအနီး ကနီမြို့နယ် အ တွင်း ရှိ ကျေးရွာများကို မီးပတ်ရှို့ပြီး ဆားလင်း ကြီးမြို့ တွင်းသို့ ပြန်လည်ဝင်ရောက်လာသော တပ်သား ၅၀ ဦး ခန့်ကို မဟာ မိတ် PDF တပ်ပေါင်းစုက တိုက်ခိုက်ရာ စစ်သား ၂၀ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

မဟာမိတ် PDF တပ်ပေါင်းစုတွင် DPRA ၊ မဲမှောက်ပျောက်ကျားတပ်ဖွဲ့၊ Black Shadow (DRPA-တပ်ခွဲ -၄) ၊ Black Vote Fighter ၊ LPDF ၊ Salingyi Generation Z PDF ၊ Daung New Generation PDF တို့ ပါဝင်ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများကို ဖြန့်ကျက် စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း နေလ စင်္ကြာ Shwebo အဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့မှ စ၍ ရွှေဘိုမြို့နယ် တည်ပင်ကျေးရွာ၊ မောင်းတက် ကျေးရွာ၊ အုံးပေါက်ကျေး ရွာ၊ တအုံကျေးရွာ နှင့် တရော်တောကျေးရွာများကို အင်အားအများအပြားဖြင့် ဖြန့်ကျက် စစ်ကြောင်း ထိုးနေခြင်းသဖြင့် ပြည်သူ့ ကာ ကွယ် ရေးတပ်ဖွဲ့များမှ တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက် ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ ဇန်နဝါရီလ ၁၃ ရက် ည ၇ နာရီခန့်တွင်လည်း ဒုတိယအကြိမ် ထပ်မံ ပစ် ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး ကျောက် မြောင်း မြို့ရှိ ခမရ ၁၂ တပ်သို့ သုံးဘီးဖြင့် သယ် ဆောင်သွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို နေလစင်္ကြာ_Shwebo PDF ၊ Who am I _Army၊ Mother Love၊Ghost Rider Special Task Force(Burma)၊ ဒေါင်းနီတပ်ဖွဲ့ တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိဘပြည်သူ များအနေဖြင့် အရေးပေါ် ကိစ္စမှလွဲ၍ ရွှေဘို_ကျောက်မြောင်းလမ်းပိုင်းအား အသုံးပြုသွားလာခြင်း မပြု ကြ ရန် နေလစင်္ကြာ_Shwebo PDFမှ မေတ္တာရပ်ခံထားကြောင်း သိရှိရ သည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရေးပြအခမ်းအနား။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article