30 C
Yangon

ဆွမ်ပရာဘွန်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦးသေဆုံး၊ ဖားကန့်မြို့ စုပေါင်းရုံးကို လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံး

Must read

ဆွမ်ပရာဘွန်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦးသေဆုံး၊ ဖားကန့်မြို့ စုပေါင်းရုံးကို လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၆

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲနှင့် KIA တပ်တို့ကြား ယနေ့ ဇန်နဝါရီလ ၆ ရက် နေ့လည် ၁၁ နာရီ ၄၅ မိနစ်ခန့်က တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၇ ဦးသေ ဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။

မြစ်ကြီးနားမြို့နယ်၊ မလိယာန်ရွာဘက်မှ ဆွမ်ပရာဘွမ်ဘက်သို့ ဦးတည်ချီတက်လာသော အကြမ်းဖက် စစ်ကောင်စီ ခလရ ၄၆ ၊ ခမရ ၁၃၆ တပ်ဖွဲ့များကို KIA တပ်မဟာ ၁ ၊ အမှတ် ၁၀ တပ်ရင်းတပ်ဖွဲ့မှ ခုခံ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးပွဲချင်းပြီး သေဆုံးပြီး ၁၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီလ ၄ ရက် နံနက် ၇ နာရီခွဲခန့်ကလည်း ကချင်ပြည်နယ်၊ ဖာကန့်မြို့ရှိ မြို့နယ် စုပေါင်းရုံးကို KIA တပ်မဟာ ၉ ၊ အမှတ် ၆ တပ်ရင်းတပ်ဖွဲ့များမှ ဖားကန့်မြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းပြီး လက်နက်ကြီး ၃ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးသေဆုံးပြီး ၄ ဦး ပြင်းအထန်ဒဏ်ရာရရှိကာ ကားတစ်စီးလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီလ ၆ ရက် နေ့လည် ၁၂ နာရီခန့်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ ဝိုင်းမော်-ချီဖွေဘက်သို့ တက်လာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို KIA တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ယာဉ်တန်း အစီးရေ ၂၀ ခန့်ဖြင့် မြစ်ကြီးနားမြို့မှ ဝိုင်းမော်၊ ဝိုင်းမော်မှ ချီဖွေဘက်သို့ တက်လာစဉ် အင်မော်ယာန်ကျေးရွာအောက်ဘက်တစ်နေရာအရောက် KIA တပ်မဟာ ၅ တပ်ရင်း ၃ တပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီကား ၂ စီးပျက်စီးခဲ့ပြီး တိုက်ခိုက်ခံရသည့် နေရာ၌ ယာဉ်တန်းရပ်တန့်သွား​ကာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) လေတပ်စခန်းမှ ကချင်ပြည်နယ်၊ ပူတာအိုမြို့သို့ ညစဉ်ညတိုင်း‌ လေယာဉ်ဖြင့် စက်လက်နက်ခဲယမ်းများပို့ဆောင်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article