30 C
Yangon

ညောင်ရွှေတွင် ညီညွတ်သော ရှမ်းတောင် ဖက်ဒရယ် တပ်ပေါင်းစု နှင့် စစ်တပ် တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃၀ ဦးသေဆုံး၊ အင်းလေး IPDF တပ်ရင်း မှူး နှင့် ရဲဘော်တချို့ ဖမ်းဆီးသတ်ဖြတ်ခံရ

Must read

ညောင်ရွှေတွင် ညီညွတ်သော ရှမ်းတောင် ဖက်ဒရယ် တပ်ပေါင်းစု နှင့် စစ်တပ် တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃၀ ဦးသေဆုံး၊ အင်းလေး IPDF တပ်ရင်း မှူး နှင့် ရဲဘော်တချို့ ဖမ်းဆီးသတ်ဖြတ်ခံရ

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်တွင် ညီညွတ်သော ရှမ်းတောင် ဖက်ဒရယ် တပ်ပေါင်းစု နှင့် စစ်တပ် အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်က ၃၀ ဦး သေဆုံး ကြောင်း ညီညွတ်သော ရှမ်းတောင် ဖက်ဒရယ်တပ်ပေါင်းစုထံမှ သိရှိရ သည်။

ဇန်နဝါရီလ ၃ ရက်နေ့ ညနေပိုင်းတွင် ညောင်ရွှေမြို့နယ် သန်းတောင်ကျေးရွာ နှင့် ဘုရားနီ ကျေးရွာများ အနီးတွင် ညီညွတ်သော ရှမ်းတောင် ဖက်ဒရယ်တပ် ပေါင်း စုနှင့် အကြမ်းဖက် စစ်တပ်၊ အင်းပျူစောထီး၊ PNO (ပြည်သူ့စစ်) ပူး ပေါင်း အဖွဲ့တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၃၀ ကျော် သေဆုံးကာ ၂၀ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲ အတွင်း အင်းလေးပျူစောထီးနှင့် PNO (ပြည်သူ့စစ်)များ​ကြောင့် ညီညွတ်သော ရှမ်းတောင် ဖက်ဒရယ် တပ်ပေါင်းစု၏ အမှတ် ၁၀၀၉ တပ်ရင်း၊ အင်းလေးဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-IPDF ၏ တပ်ရင်းမှူး နှင့် ရဲဘော် တချို့ ကျဆုံးခဲ့ပြီး ရဲဘော်အချို့ ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ ကလည်း အကြမ်းဖက် စစ်ကောင်စီနှင့် PNO (ပြည် သူ့စစ်) တို့က ဖမ်းဆီးရမိခဲ့သော အမှတ် ၁၀၀၅ တပ်ရင်း (ရှမ်းတောင်)မှ တပ် ရင်း မှူး၊ ရဲဘော်တစ်ဦးနှင့် အတူ ဆက်စပ်မှုရှိသည်ဟု ဆိုကာ အပြစ် မရှိသော ဒေသခံ တိုင်းရင်းသား ပြည်သူ အများအပြားကို မတရားဖမ်းဆီး နှိပ်စက်မှု များပြုလုပ်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် တပ်ပေါင်းစုဝင် ရဲဘော် တချို့နှင့် အပြစ်မဲ့ ဒေသခံတချို့ကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့ ကြောင်း သိရသည်။

PNO(ပြည်သူ့စစ်)သည် အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းပြီး နယ်မြေ ရှင်း လင်းမှုများ ပြုလုပ်ကာ ဒေသခံတိုင်းရင်းသား ပြည်သူလူထုများကို ဖမ်းဆီး နှိပ် စက်ခြင်းများ လုပ်ဆောင်နေကြောင်း၊ PNO (ပြည်သူ့စစ်)နှင့် အင်းလေးပျူ စောထီးများသည် ညောင်ရွှေ-အင်းလေးဒေသတစ်ကြောရှိ လမ်းများပိတ်၍ အစစ်အဆေးများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

စစ်တပ် လက်အောက်ခံ အင်းလေး ပျူစောထီး နှင့် PNO(ပြည်သူ့စစ်) အနေ ဖြင့် တိုင်းရင်းသား ပြည်သူလူထုများ အပေါ် အကြမ်းဖက် ဖမ်းဆီး နှိပ်စက် ခြင်းများ လုပ်ဆောင်နေမှုကို ယခုချက်ချင်း ရပ်တန့်ရန် ပြင်းပြင်း ထန်ထန် သတိ ပေးကြောင်း ညီညွတ်သော ရှမ်းတောင် ဖက်ဒရယ် တပ်ပေါင်းစုက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article