32.1 C
Yangon

ညောင်ဦးမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်ခိုင်၊ သားဖြစ်သူ ကိုခိုင်သီဟ နှင့် ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီး

Must read

ညောင်ဦးမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်ခိုင်၊ သားဖြစ်သူ ကိုခိုင်သီဟ နှင့် ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီး

ရန်ကုန်၊ ဇန်နဝါရီ ၁၇

မန္တလေး၊ ညောင်ဦးမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ၊ သားဖြစ်သူနှင့် ပြည်သူ ၂ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွင် ညောင်ဦးမြို့နယ်၊ ဘုန်းဇင်စျေးအနီးရှိ မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ နေအိမ်ကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး NLD ပါတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်ခိုင်၊ သားဖြစ်သူ ကိုခိုင်သီဟနှင့် ယင်းနေအိမ်၌ နေထိုင်သော ပြည်သူ ၂ ဦးကိုပါ စစ်တပ်က အကြောင်းမဲ့ဖမ်းဆီးသွားကြောင်း သိရသည်။

“ညောင်ဦးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ၊၂၀၁၅ ခုနစ် NLD ညောင်ဦး​မြို့နယ်၊ တိုင်းဒေသကြီး ၁ လွှတ်တော် ကိုယ်စာလှယ် ဦးဝင်းမြင့်ခိုင်ရယ် သူရဲ့သား ကိုခိုင်သီဟနဲ့ နေအိမ်မှာနေတဲ့ ပြည်သူ ၂ ဦးကို စစ်ခွေးတွေက ဝင်စီးပြီး အကြောင်းမဲ့ဖမ်းဆီး သွားတာပါ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ ဖမ်းဆီးသွားသူ ၄ ဦးကို အကြမ်းဖက် စစ်တပ်က ညောင်ဦးမြို့နယ် စစ်ကြောရေးစခန်းသို့ ပို့ဆောင်ထားပြီး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိ​ကြောင်း သိရသည်။

ဓာတ်ပုံ- ညောင်ဦးမြို့နယ် NLD ဥက္ကဋ္ဌ ဦးဝင်းမြင့်ခိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article