28 C
Yangon

တနင်္သာရီမြို့နယ်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ အသက် ၉၀ အရွယ် အဘွားအို ဒေါ်သိန်းခင် ကွယ်လွန်၊ ပြည်သူ ၂၀၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေးနေရ

Must read

တနင်္သာရီမြို့နယ်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ အသက် ၉၀ အရွယ် အဘွားအို ဒေါ်သိန်းခင် ကွယ်လွန်၊ ပြည်သူ ၂၀၀၀ ကျော် စစ်ဘေးရှောင် ထွက်ပြေးနေရ

ရန်ကုန်၊ ဇန်နဝါရီ ၂၅

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ အသက် ၉၀ အရွယ် အဘွားအို ဒေါ်သိန်းခင် ကွယ်လွန်သွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဇန်နဝါရီ ၂၄ ရက်နေ့ ညနေ၅နာရီဝန်းကျင်အချိန် မြိတ်မှ တနင်္သာရီမြို့နယ်ဘက်သို့ ဦးတည်လာသည့် စစ်ကောင်စီ ကား ၃ စီးကို ဘန်းလမွတ် ကျေးရွာအနီးတွင် တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်(ပ.က.ဖ)က ပစ်ခတ်တိုက်ရာ အပြန်အလှန် တိုက်ပွဲဖြစ်ပွားကြောင်း၊ စစ်ကောင်စီတပ်ဘက်က အထိနာပြီး သေဆုံးမှုများပြားကြောင်း၊ ယင်းနောက် စစ်တပ်က လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ရမ်းသမ်းပစ်ခတ်ရာ ဥယျာဉ်ခြံကျေးရွာမှ အသက် ၉၀ အရွယ် အဘွားအို ဒေါ်သိန်းခင် ဒဏ်ရာရရှိပြီး ကွယ်လွန်ခဲ့ ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်နှင့် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ပွဲသည် ယမန်နေ့ ညပိုင်းမှ ယနေ့အထိ ဆက်လက်ဖြစ်ပွားခဲ့ပြီး ပြည်သူများမှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

” ဒီနေ့ နံနက်စောစောပိုင်းမှာလည်း တနင်္သာရီမြို့အနီးမှာ တိုက်ပွဲထပ်မံဖြစ်ပွားပါတယ်။ တနင်္သာရီ ဗောဓိကမ်းမှာ တပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်မှုကြောင့် မရင်းကြီး၊ ဘန်းလမွတ်၊ ရမ်းဖိုး၊ ညောင်ပင်ကုန်း၊ ဗောဓိကမ်း၊ ဥယျာဉ်ကမ်း၊ တနင်္သာရီမြို့၊ အောက်ကင်း၊ မော်တုန်း အဲဒီရွာတွေနဲ့ ပတ်ဝန်းကျင်ရွာတွေက အများကြီး စစ်ဘေးရှောင်နေရတယ်။ စစ်ဘေးရှောင် ၂၀၀၀ ကျော်မယ်။ နေ့လယ်ဘက်မှာ မြိတ်ဘက်ကနေ စစ်ကားတွေတက်လာပြီးနောက် ဘန်းလမွတ် ကျေးရွာအနီးမှာ တိုက်ပွဲ ထပ်မံဖြစ်ပွားပါတယ်။ ဘန်းလမွတ် ကျေးရွာမှာ ပြည်သူ့ နေအိမ်နှစ်ဆောင် မီးလောင်ပါတယ်။ တိုက်ပွဲ တွေဖြစ်လို့ ကားလမ်းတွေ ပိတ်ဆို့နေပါတယ်” ဟု ဒေဒသပြည်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်တပ်က တနင်္သာရီမြို့နယ်နှင့် ကားလမ်းများကို ပိတ်ဆို့ပြီး စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး ပြည်သူများ ဖမ်းဆီးရမှုများရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article