26 C
Yangon

တနင်္သာရီ မြို့နယ်ရှိ တံတားစောင့်တပ်နှင့် ၃၀၆ အမြောက်တပ်ကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိ

Must read

တနင်္သာရီ မြို့နယ်ရှိ တံတားစောင့်တပ်နှင့် ၃၀၆ အမြောက်တပ်ကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရမိ

ရန်ကုန်၊ ဇန်နဝါရီ ၁

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် အကြမ်းဖက်စစ်သားများ တပ်စွဲထား သည့် နေရာ နှစ်ခုကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ပြီး သေ နတ် ၁ လက်ရရှိကြောင်း မြိတ်ခရိုင် တပ်ရင်း ၂ မှတာဝန်ရှိသူတစ်ဦး က ရန်ကုန် ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။

တနင်္သာရီမြို့နယ်၊ တနင်္သာရီ-ဗောဓိကုန်းတံတားပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သား များကို ယနေ့ ဇန်နဝါရီလ ၁ ရက် နံနက် ၃ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံး ခဲ့ကြောင်း၊ ထို့ပြင် တနင်္သာရီ မြို့နယ်၊ ကဒဲလိပ်ရှိ ၃၀၆ အမြောက်တပ်ကို ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၄ နာရီခန့်ကဝင် ရောက်တိုက် ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

“ပုလာဖက်ကို ဖိနေလို့ တနင်္သာရီဘက်က ပွဲစပေးလိုက်တာ၊ သူတို့ရှိတဲ့နေရာ ကို သွားတိုက်တာပါ၊ အားပေါင်း ၇ ကောင်သေတယ်၊ နှစ်ကြိမ်တိုက်ခဲ့တာ” ဟု မြိတ်ခရိုင်တရင်း ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနသို့ ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မြိတ်ခရိုင် တပ်ရင်း ၂ ၊ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ နှင့် တနင်္သာရီ မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ နှစ်သစ်ကူးလက်ဆောင်အဖြစ် ဝင် ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- သိမ်းဆည်းရမိသည့် စစ်ကောင်စီတပ်၏ လက်နက် ၁ လက်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article