38 C
Yangon

တန့်ဆည်မြို့နယ်၊ ကျွန်းတောကုန်းကျေးရွာကို စစ်တပ်က မီးတင်ရှို့

Must read

တန့်ဆည်မြို့နယ်၊ ကျွန်းတောကုန်းကျေးရွာကို စစ်တပ်က မီးတင်ရှို့

ရန်ကုန်၊ ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကျွန်းတောကုန်းရွာကို အကြမ်းဖက် စစ် တပ်နှင့် ပျူစောထီးများက ယနေ့နေ့လယ်တွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ များထံမှ သိရသည်။

ကျွန်းတောကုန်းရွာကို အကြမ်းဖက်စစ်သားနှင့် ပျူ‌စောထီး အင်အား ၁၀၀ ခန့်ပါ‌သော စစ်ကြောင်းက ဇန်န ဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၂နာရီခန့်ကစ၍ မီးရှို့ဖျက်ဆီးနေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရ သည်။

ကျွန်းတောကုန်းကျေးရွာကို မီးရှို့နေသော စစ်ကြောင်းသည် တန့်ဆည်မြို့နယ်၊ ဆင်ငယ်ရွာပျူစောထီးစခန်းကို ဇန်နဝါရီလ၃ ရက်နေ့ တန့်ဆည် PDF နှင့်ပူး ပေါင်းတပ်များက သိမ်းဆည်းရရှိပြီးနောက် စစ်ကူရောက်ရှိလာသော စစ် ကြောင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article