28 C
Yangon

တာမွေတွင် စစ်တပ်၏ တရားမဝင်ရွေးကောက်ပွဲအတွက် လူဦးရေ စာရင်းကောက်နေသူကို ဗုံးဖြင့်တိုက်ခိုက်

Must read

တာမွေတွင် စစ်တပ်၏ တရားမဝင်ရွေးကောက်ပွဲအတွက် လူဦးရေ စာရင်းကောက်နေသူကို ဗုံးဖြင့်တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ တာမွေကြီး (က+ခ) ရပ်ကွက်၊ ၁၆၂ လမ်းတွင် တရားမဝင် ရွေးကောက်ပွဲ အတွက် လူဦးရေစာရင်းကောက်ခံနေသူများကို ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း Freeland Attack Force –FLA အဖွဲ့က ပြောသည်။

ယနေ့ ဇန်နဝါရီလ ၁၁ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က တရားမဝင်ရွေးကောက်ပွဲအတွက် လူဦးရေ စာရင်းကောက်ခံပြီး ခုံများအား သိမ်းဆည်းကာ ကားပေါ်တင်နေစဉ် ဗုံးသီးတစ်လုံးပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ပြင်းပြင်းထန်ထန် အထိအခိုက်များစွာရရှိရန် လုပ်ဆောင်နိုင်သော်လည်း ငှဲ့ညှာသော အား ဖြင့် ခြောက်လှန့်ပစ်ခတ်ရုံသာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လူတော့မထိဘူးလို့ပြောတယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကားပေါ်ပေါက်တာလို့ သိရတယ်” ဟု တာမွေ မြို့နယ်တွင်နေထိုင်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောကြား သည်။

အဆိုပါတိုက်ခိုက်မှုကို Freeland Attack Force –FLA ၊ Emerald Girls Army (EGA) နှင့် Revolution of 21 Century အဖွဲ့တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် တရားမဝင်ရွေးကောက်ပွဲအား တတ်နိုင်သမျှ ပူးပေါင်းပါဝင်ခြင်းမပြုရန်၊ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံထောက်တိုင်များအဖြစ် တရားမဝင်ရွေးကောက်ပွဲ မဲစာရင်း ဦးဆောင်လှုပ်ရှားသူများအနေဖြင့်လည်း ရပ်တန်းကရပ်ကြရန် အသိပေးထားသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ဇန်နဝါရီလ ၉ ရက်နေ့ လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူနေမှု မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article