28 C
Yangon

တောင်ငူခရိုင်တွင် စစ်တပ်ထေက်တိုင် ပျူစောထီးဟု သတ်မှတ်ခံရသူ ၃ ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး

Must read

တောင်ငူခရိုင်တွင် စစ်တပ်ထေက်တိုင် ပျူစောထီးဟု သတ်မှတ်ခံရသူ ၃ ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၆

ပဲခူးတိုင်း၊ တောင်ငူခရိုင်တွင် အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင် ပျူစောထီးစုစုပေါင်း ၃ ဦးပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း Bago Region PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။

ဇန်နဝါရီလ ၂၅ ရက် နံနက် ၄ နာရီခွဲခန့်တွင် ဖြူးမြို့နယ်၊ ညောင်ပင်သာမြို့၊ ပဲခူးလမ်း၌ နေထိုင်သော အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင် ပျူစောထီး မျိုးဇော်ဦးကို ၎င်း၏အစ်ကိုတော်စပ်သူ ပေါက်ဇလုတ်ကျေးရွာအုပ်စု၊ စက်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ခိုင်စိုး၏နေအိမ်တွင် ဖြူးမြို့နယ် ပကဖ ၏ အမှန်တရားချစ်မြတ်နိုးသူများအဖွဲ့က နန်းထိုက်အောင်စစ် ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်း ခဲ့ရာမှ သေဆုံးသွားကြောင်း သိရသည်။

“ပျူစောထီးမျိုးဇော်ဦးက သူ့အစ်ကိုဖြစ်တဲ့ အုပ်ကြီးနေအိမ်မှာ ရောက်နေတဲ့အချိန် ပစ်ခတ်ရှင်းလင်းခဲ့တာ၊ သူ့အစ်ကို အုပ်ကြီးက မတွေ့ခဲ့ဘူး၊ အဲဒါကြောင့် မရှင်းခဲ့ရတာ။ အဲနေ့က ပစ်ခတ်ရှင်းမှုလုပ်ခဲ့တာ ပျူ ၃ ဦးပေါ့”ဟု Bago Region PDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။

ပျူစောထီးမျိုးဇော်ဦးသည် အကြမ်းဖက်စစ်ကောင်စီထံ သတင်းပေးပို့နေသည့်အပြင် စစ်သား၊ ရဲတပ်ဖွဲ့ တို့နှင့် အကျိုးတူပူးပေါင်းကာ ဘောလုံးပွဲ၊ နှစ်လုံးထီ၊ သုံးလုံးထီစသည့် လောင်းကစားမျိုးစုံကို ဒိုင်ချုပ် ပြုလုပ်ကာ စစ်ကောင်စီအား ဆက်ကြေးပေးသွင်းနေသူဖြစ်သဖြင့် ရှင်းလင်း ခဲ့ခြင်းဖြစ် ကြောင်း သိရ သည်။

ထို့ပြင် ဇန်နဝါရီလ ၂၅ ရက် ညနေ ၅ နာရီခွဲခန့်က ညောင်လေးပင်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင် စီ၏ ဒေါက်တိုင်သတင်းပေး လူမိုက်‌ခေါင်းဆောင် ပျူစောထီး မင်းအောင်(ခ) စာလေးကွေနှင့် ၎င်း၏ ဇနီးဖြစ်သူ အိမွန်တို့နှစ်ဦးတို့ကို ကြက် ဝိုင်းမှ ပြန်လာစဉ် ညောင်လေးပင်မြို့နယ်ပကဖ က နန်းထိုက် အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

လူမိုက်ခေါင်းဆောင် ပျူစောထီး မင်းအောင်(ခ)စာလေးကွေနှင့် အိမွန်တို့သည် အကြမ်းဖက်စစ်ကောင်စီ ထံ သတင်းပေးနေသည့်အပြင် စစ်သား၊ ရဲတပ်ဖွဲ့တို့နှင့် အကျိုးတူ‌ပူးပေါင်းကာ ရွာစဉ်လှည့်လည်ပြီး ကြက်ဝိုင်း၊ အန်ဂလုံဝိုင်းစသည့် လောင်းကစားဝိုင်းများပြုလုပ်ပြီး စစ်ကောင်စီထံ ဆက်ကြေးပေးသွင်း နေသူများ ဖြစ်ကြောင်း သိရသည်။

ယင်းပစ်ခတ်ရှင်းလင်းမှုအတွင်း ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာ နိုင်ခဲ့ပြီး ပြည်သူလူထုအား နည်းမျိုးစုံ ဒုက္ခပေးနေသော အကြမ်းဖက်စစ်ကောင်စီ၏ ဒေါက်တိုင်၊ သတင်း ပေး၊ ပျူစောထီး၊ သွေးသောက်စသည့် လက်ဝေခံများအား ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ်ပကဖများက အသီးသီးထုတ်ပြန်ထားသည်။

ရန်ကုန်​ခေတ်သစ်အ​နေဖြင့် ပစ်ခတ်ခံရပြီး ​သေဆုံးသူများသည် ပျူ​စောထီး ဟုတ်၊ မဟုတ် ​မြေပြင်အ​ခြေအ​နေကို အတည်ပြုနိုင်ခြင်း မရှိ​ပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article