27 C
Yangon

ထန်းတပင်နှင့် ထားဝယ်တွင် စစ်တပ် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သား ၂၃ ဦး ထက်မနည်း သေဆုံး၊ PDF ဘက်မှ ဒုစစ်ကြောင်းမှူး ၁ ဦး ကျဆုံ

Must read

ထန်းတပင်နှင့် ထားဝယ်တွင် စစ်တပ် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သား ၂၃ ဦး ထက်မနည်း သေဆုံး၊ PDF ဘက်မှ ဒုစစ်ကြောင်းမှူး ၁ ဦး ကျဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၂

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်နှင့် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီးလမ်းပိုင်းတွင် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီး စစ်သား၂၃ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသကာကွယ် ရေး တပ်ဖွဲ့များထံမှ သိရသည်။

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ ဘုမ္မတီးတပ်စခန်းအား M 79 ဖြင့် အချက်ပေါင်း ၃၀ ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Bago Region PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက် ည ၇ နာရီခန့်က အကြမ်းဖက်စစ်တပ်၏ တပ်ရင်း အမှတ် ၇၃ (ဘုမ္မတီး) တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် M 79 လက်နက် များဖြင့် အချက် ၃၀ ခန့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များလည်းရှိကြောင်း သိရသည်။

“M 79 နဲ့ ဝေးကနေ လှမ်းပစ်တာ၊ စစ်ခွေးတွေဘက်က လက်နက်ငယ်တွေနဲ့ ပြန်လှန်ပစ်တော့ အပြန်အ လှန်ပစ်ခတ်မှုလဲ ရှိခဲ့တယ်လို့ သိရတယ်၊ ကျနော်တို့ရဲဘော်တွေ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ ပါတယ်” ဟု Bago Region PDF မှတာဝန်ရှိသူတစ်ဦး ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း အမှတ် ၃၅၀၁ ၊တပ်ခွဲ ၂ မှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသတွင် တိုက်ပွဲတွင် အကြမ်းဖက်စစ် သား ၂၀ ထက်မနည်းသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း ဥဩစစ် ကြောင်းထံမှ သိရသည်။

ဇန်နဝါရီလ ၅ ရက် ညနေ ၇ နာရီခွဲခန့်က ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ၊ ပခပ်တံတားအနီး ကင်း ပုန်း ဝပ်နေသော အကြမ်းဖက်စစ်သားများကို ဥဩစစ်ကြောင်းမှ ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း၊ ဇန်နဝါရီလ ၇ ရက် နံနက် ၇ နာရီခန့်တွင်လည်း ထားဝယ်ဘက်မှ လာသော အင်အား ၁၀၀ ခန့်ပါ စစ်ကား ၆ စီးကို မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့ရာ နံနက် ၁၁ နာရီခန့်အထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၇ ရက်နေ့လည် ၁ နာရီခွဲခန့်တွင်လည်း အဆိုပါစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့သည် ဝကုန်း ကျေးရွာနှင့် သင်္ကန်းတုန်းကျေးရွာ အကြား ဘဲ့မဲ့တောင်အနီးတွင် ထပ်မံတိုက်ပွဲဖြစ်ခဲ့ရာ ညနေ ၄ နာရီခန့် အထိကြာမြင့်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင်းများအတွင်း အကြမ်းဖက်စစ်တပ်မှ တပ်သား ၂၀ ဦးထက်မနည်းသေဆုံးကာ အများအ ပြားထိခိုက်ဒဏ်ရာရရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဒုစစ်ကြောင်းမှူး တစ်ဦး ကျဆုံးကာ ၃ ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်က သင်္ကန်းတုန်းရွာနှင့် ဝကုန်းရွာတို့ရှိပြည်သူပိုင် နေ အိမ် ၁၅ လုံးနှင့် ဥယျဉ်ခြံတို့ကို မီးရှို့ဖျက်ဆီးကာ တန်ဖိုးကြီးပစ္စည်းများကိုလည်း ခိုးယူသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article