40.9 C
Yangon

ထားဝယ်-ထီးခီးလမ်းပိုင်းတွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော် ၁ ဦးကျဆုံး၊ နေအိမ် ၁၅ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ထားဝယ်-ထီးခီးလမ်းပိုင်းတွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော် ၁ ဦးကျဆုံး၊ နေအိမ် ၁၅ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၈

တနင်္သာရီတိုင်း၊ ထားဝယ်-ထီးခီးလမ်းပိုင်းရှိ ရဲစခန်းနှင့် ရိက္ခာပို့ စစ်ကြောင်းကို PDF ပူးပေါင်းတပ်များက ၃ ရက်ဆက် တိုက်ခိုက်ခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ဇန်နဝါရီလ ၅ ရက်နေ့ ည ၉ နာရီခန့်တွင် ထားဝယ်-ထီးခီးလမ်းပိုင်းရှိ ပကာရီ ရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့များက ၄၀ မမ ဗုံးသီးများဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့​ပြီး အကြမ်းဖက် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုအခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ဇန်နဝါရလ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် သရက်ငုတ်ရွာအနီး၌ အကြမ်းဖက် စစ်တပ် ခြေလျင် စစ်ကြောင်းနှင့် ရိက္ခာတင် ကားများကို PDF ပူးပေါင်း တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ​သော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

ဇန်နဝါရီလ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝကုန်းနှင့် သင်္ကန်းတုံးရွာ အကြားရှိ ဗမဲ့တက်တောင်၌ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး PDG ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှလည်း ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး သေဆုံးဒဏ်ရာရ စစ်သား အလောင်းများကို မီးရှို့သင်္ဂြိုလ်ပြီး ဖျောက်ဖျက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ထို့ပြင် သင်္ကန်းတုန်းရွာ နှင့် ဝကုန်းရွာ တို့ရှိ ပြည်သူပိုင် နေအိမ် ၁၅ လုံးနှင့် ဥယျာဥ်ခြံတို့ကို မီးရှို့ခဲ့ပြီး တန်ဖိုးကြီး ပစ္စည်းများ ခိုးယူသွားကြောင်း နယ်​မြေခံ သတင်းရင်းမြစ်များက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article