31 C
Yangon

ထိုင်း​နိုင်ငံ ပါထုန်ဌာနီခရိုင်တွင် Zero to Hero တက်ကြွလူငယ်များက တော်လှန်ရေး ရန်ပုံငွေရရှိရေး အလှူခံ

Must read

ထိုင်း​နိုင်ငံ ပါထုန်ဌာနီခရိုင်တွင် Zero to Hero တက်ကြွလူငယ်များက တော်လှန်ရေး ရန်ပုံငွေရရှိရေး အလှူခံ

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ထိုင်း​နိုင်ငံ ပါထုန်ဌာနီခရိုင်တွင် Zero to Hero တက်ကြွလူငယ်များက စစ်​ဘေး​ရှောင်​ ထောက်ပံ့​ရေးနှင့်​ တော်လှန်​ရေးအတွက် ရန်ပုံငွေရရှိရေး အလှူခံကာ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

“​ကျွန်တော်တို့ အပတ်တိုင်း စစ်​ရှောင်​ထောက်ပံ့​ရေးနှင့်​တော်လှန်​ရေးအတွက် အလှူခံထွက်ဖြစ်တယ်။ တပတ်ကို ၅၀၀၀ က​​နေ ၁၀၀၀၀ ​လောက်ရတယ်။ ​ပြီး​တော့ တော်လှန်း​ရေးနှင့်စစ်​ရှောင်​တွေအတွက်ဆိုပြီး ကြက်သား​အ​​ခြောက်​​ကြော် ၁ လကိုဗူး ၁၀၀၀ ​​လောက် ကြော်ပြီးပို့​ပေး​သေးတယ်။ စစ်​ရှောင်အတွက် အဝတ်အစားလဲ အလှူခံတယ်။ ရန်ပုံ​ငွေအကျီလဲ​ရောင်းတယ်။ တစ်ထည်ကို ၃၀၀ ​ပေါ့၊ အမြတ်က ၁၀၀ အဲဒီ ၁၀၀ ကိုလဲ ​တော်လှန်း​ရေးအတွက်ပဲ” လို့ Zero to Hero အဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။

Zero to Hero အဖွဲ့မှာ ​တော်လှန်​ရေးအတွက် တဖက်တလှမ်း​​ထောက်ပံ့နိုင်​ရေးရည်ရွယ်ချက်ဖြင့် အာဏာသိမ်းပြီး​နောက်ပိုင်း စတင် တည်​ထောင်ခဲ့​ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article