33 C
Yangon

ထီးချိုင့်မြို့နယ်၊အလယ်တောကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့နေပြီး ပြည်သူများ ထွက်ပြေးနေရ

Must read

ထီးချိုင့်မြို့နယ်၊အလယ်တောကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့နေပြီး ပြည်သူများ ထွက်ပြေးနေရ

ရန်ကုန်၊ ဇန်နဝါရီ ၉

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အလယ်တောကျေးရွာကို စစ်ကောင်စီ တပ်များ က မီးရှို့နေပြီး ပြည်သူများထွက်ပြေးနေရကြောင်း ဒေသပြည်သူများထံမှ သိရှိရ သည်။

ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် စစ်ကောင်စီတပ်များက အလယ် တောကျေးရွာကို ဝင်ရောက်စီးနင်းမီးရှို့ခြင်းဖြစ်‌ပြီး ဒုတိယအကြိမ် မီးရှို့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ထီးချိုင့်က ထွက်လာတဲ့ကောင်တွေ။ အခုရွာ ကိုမီးရှို့နေတယ်။ ရွာသားတွေ အကုန်ထွက်ပြေးနေရတယ်။ ဘာကြောင့် မီးရှို့တာလဲဆို‌တာကတော့မသိရဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

အလယ်တော စံပြကျေးရွာသည် အိမ်ခြေ၅၀၀ကျော်ရှိသည့် ကျေးရွာတစ်ရွာ ဖြစ်ပြီး ယမန်နှစ်ဒီဇင်ဘာလအတွင်း စစ်တပ်က ပထမအကြိမ် ဝင်ရောက် မီးရှို့ခဲ့ကြောင်း၊ ပထမအကြိမ် မီးရှို့စဉ်က လူနေအိမ်၉၈လုံးနှင့် စပါးသို လှောင် ရုံများ၊ လယ်ယာသုံးစက်ကိရိယာများဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article