36 C
Yangon

ဒီပဲယင်းကွဲကျေးရွာကို စစ်တပ်က ဝင်ရောက် ပစ်ခတ်စီးနင်းပြီး သီတဂူဗုဒ္ဓ တက္ကသိုလ်မှ ဘွဲ့ရ သံဃာတော်တစ်ပါး၊ PDF ၁ ဦး အပါအဝင် လူ ၄ ဦးကို ပစ်သတ်၊ ရွာကို မီးတင်ရှို့

Must read

ဒီပဲယင်းကွဲကျေးရွာကို စစ်တပ်က ဝင်ရောက် ပစ်ခတ်စီးနင်းပြီး သီတဂူဗုဒ္ဓ တက္ကသိုလ်မှ ဘွဲ့ရ သံဃာတော်တစ်ပါး၊ PDF ၁ ဦး အပါအဝင် လူ ၄ ဦးကို ပစ်သတ်၊ ရွာကို မီးတင်ရှို့

ရန်ကုန်၊ ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာကို စစ်တပ်က ဝင်ရောက် ပစ်ခတ်စီးနင်းပြီး သီတဂူဗုဒ္ဓတက္က သိုလ် မှ မဟာဘွဲ့ရ သံဃာတော်တစ်ပါး အပါအဝင် ပြည်သူ ၄ ဦးကို ပစ်သတ်ကာ ရွာကိုပါ မီးတင်ရှို့သွားကြောင်း ဒေသ ပြည်သူများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၆ နာရီအချိန် ကြွယ်ပုံပျူစောထီးကျေးရွာမှ ထွက်လာသော စစ်ကြောင်းနှင့်ပျူစောထီးများက ဒီပဲယင်းကွဲကျေးရွာကို ပစ်ခတ်ဝင်ရောက်လာကြောင်း၊ ယင်းနောက် ဒီပဲယင်းကျေးရွာတွင် သီတင်း သုံးနေသော သီတဂူဗုဒ္ဓတက္ကသိုလ်ကျောင်းဆင်း မဟာ ဘွဲ့ရ ရွာဦး ဘုန်းတော် ကြီးကို စစ်တပ်က ပစ်သတ်လိုက်ကြောင်း၊ ထို့ပြင် အခြားပြည်သူ ၃ ဦးကိုလည်း ပစ်သတ်ကြောင်း၊ ယင်းနောက် ရွာကို မီးတင်ရှို့ကြောင်း သိရှိရသည်။

“ဒီနေ့ မနက်ခင်း ၆နာရီအချိန် ကြွယ်ပုံပျူရွာကနေ ထွက်လာပြီး ဒီပဲယင်းကွဲ ရွာကိုလက်နက်ကြီးတွေပစ်ဝင်လာတယ်။ အဲလိုပစ်ဝင်လာတော့ ရွာသားတွေ အကုန် ထွက်ပြေးရင်း သူတို့ဖမ်းမိတဲ့ လူ၃ဦးနဲ့ ဘုန်းကြီးတစ်ပါးကို ပစ်သတ်ခဲ့ကြ တယ်။ ဘုန်းကြီးက စာတတ်ပေတ်ပါဗျာ။ ဘာမှနိုင်ငံရေးမလုပ် ဘဲနဲ့ သတ်ထားခဲ့ကြတာ။ဘုန်းကြီးက သီတဂူဗုဒ္ဓတက္ကသိုလ်ကနေ မဟာဘွဲ့ရ ထားတဲ့ ဆရာတော်ပါ။ သီရိလင်္ကာနိုင်ငံဘက်ကို ကြွပြီးမြန်မာပြည် လာတဲ့ သံဃာတော်ပါ။ သက်တော်၄၀ကျော်၊ဝါတော်၂၀ကျော်လောက်တော့ရှိမယ် ။ နောက်ပြီး အမျိုးသမီးတစ်ဦးနဲ့ရွာသားတစ်ဦးကိုလည်းသတ်ထားခဲ့ကြတယ်။ နောက်တစ်ဦးကတော့ PDFတစ်ယောက်ပါ။ စုစုပေါင်း ၄ ဦးကို စစ်တပ်က ပစ် သတ်ထားခဲ့တာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

စစ်တပ်က သံဃာတစ်ပါး အပါအဝင် လူ ၄ ဦးကို ပစ်သတ်ပြီးနောက် ကျေးရွာ ကို လည်း မီးတင်ရှို့လိုက်သဖြင့် နေအိမ် ၇၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“ကျနော်တို့ရွာကို ဝင်ချင်နေတာကြာပြီ။ ကြွယ်ပုံက ပျူစောထီးတွေ ဝင်ဖို့ လက်ညှိုး ထိုးနေတာ။ ကြွယ်ပုံ ရွာက မဖွံ့ဖြိုးဘူး။ ကြွယ်ပုံကို စစ်တပ်က ဆက်ကြေးတောင်းတော့ ဒီပဲယင်းကွဲကို တောင်းရင် နှစ်အိမ်လောက် တောင်း ရင် သိန်း ၁၀၀ ရမယ်လို့ ပြောပြီး စစ်တပ်ကို သွားခိုင်းတယ်။ အခုတော့ စစ်တပ် နဲ့ ပျူစောထီးပေါင်းကြီး ဒီပဲယင်းကွဲကျေးရွာကို ချေမွသွားတာပါ” ဟု ဒီပဲယင်းကွဲ ကျေးရွာသားတစ်ဦးက ပြောသည်။

ဓာတ်ပုံ- စစ်တပ်နှင့်ပျူစောထီးများ ပစ်သတ်ခဲ့သော ဒီပဲယင်းကွဲကျေးရွာမှ သံဃာတော်တစ်ပါးနှင့်လူ ၃ ဦးအသတ်ခံထားရသည့်မြင်ကွင်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article