32.1 C
Yangon

ဒီပဲယင်းမြို့နယ်တွင် ဒီဇင်ဘာနှင့် ဇန်နဝါရီ အတွင်း အိမ်ခြေ ၃၅၀၀ ကျော် ၊ ဘုန်းကြီးကျောင်း ၅ ခု အပါအဝင် ကျေးရွာ ၃၆ ရွာနှင့် ရပ်ကွက် ၂ ခုကို စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ဒီပဲယင်းမြို့နယ်တွင် ဒီဇင်ဘာနှင့် ဇန်နဝါရီ အတွင်း အိမ်ခြေ ၃၅၀၀ ကျော် ၊ ဘုန်းကြီးကျောင်း ၅ ခု အပါအဝင် ကျေးရွာ ၃၆ ရွာနှင့် ရပ်ကွက် ၂ ခုကို စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၁၈

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း ဒီဇင်ဘာလနှင့် ဇန်နဝါရီလအတွင်း ကျေး ရွာ ၃၆ ရွာနှင့် စိုင်ပြင်မြို့ရှိ ရပ်ကွက် ၂ ခု မီးရှို့ဖျက်ဆီးခံရကြောင်း ဒီပဲယင်း မြို့နယ်ညီနောင်များအဖွဲ့မှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြော ကြားသည်။

စစ်တပ်က ပြည်သူ့ နေအိမ်ပေါင်း ၃၅၁၁ အိမ်၊ ဈေးဆိုင်ခန်း ၂၄ ခန်း၊ ဆန်စက် ၃ လုံး၊ ဘုန်းကြီး ကျောင်း ၅ ကျောင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က ပျော်ဘွယ်ရွာတွင် ၂၃ အိမ်၊ မဲအိုးကျေးရွာတွင် ၈၄ အိမ်၊ ညောင်ကြီး ကုန်းရွာတွင် ၆၅ အိမ်၊ လက်ယက်ကုန်းရွာတွင် ၁၉၉ အိမ်၊ မူးခံတွင်းရွာတွင် ၁၆၆ အိမ်၊ ညောင်လှရွာတွင် ၂၀၃ အိမ်၊ ကံကုန်းရွာတွင် ၁၄ အိမ်၊ ဝဲကြီးရွာတွင် ၈၅ အိမ်၊ သပြေသာရွာတွင် ၂၅ အိမ်၊ ရုံးသာရွာတွင် ၃၁ အိမ်၊ နများရွာတွင် ၃၁၈ အိမ်၊ ယဥ်ကျေးရွာတွင် ၁၆ အိမ်၊ မူးရိုးကုန်းရွာတွင် ၉၈ အိမ်၊ ဘန့်ဘွေးရွာတွင် ၂၀ အိမ်၊ အင်ပင်ရွာတွင် ၂၅၀ အိမ်၊ ကုန်းတဲရွာတွင် ၇၅ အိမ်၊ ကုန်းကြီးရွာတွင် ၁၃ အိမ်၊ ပေါက်ရင်းရွာတွင် ၁၀ အိမ်၊ ချောင်းပေါက်ရွာတွင် ၃၂ အိမ်၊ အေးသာ ယာ (ပျံကျကျေးရွာ)တွင် နေအိမ် ၄၇၃ အိမ်၊ ကြည်ကျေးရွာတွင် နေအိမ် ၂၅၄အိမ်နှင့် ဆန်စက်တစ်လုံး၊ ဘုရားထွက်ကျေးရွာတွင် နေအိမ် ၂ ၄၃ အိမ်၊ မန်ကျည်းအုပ်ရွာတွင် အိမ်ခြေ ၂၇ အိမ်၊ မန်ကျည်းစောက်ရွာတွင် အိမ်ခြေ ၉၄ အိမ်၊ မင်းတဲကုန်းရွာတွင် အိမ်ခြေ ၁၈၈ အိမ်၊ ကံပြားရွာတွင် ၁ အိမ်၊ သိမ်ဘာ ရွာတွင် ၄၈ အိမ်၊ ပန်းပုရွာတွင် ၁၇ အိမ်၊ ထောက်ရှာရွာတွင် ၁ အိမ်၊ ယင်းတွေ ကျေးရွာတွင် အိမ်ခြေ ၅၂ အိမ်၊ ဆပ်ပြာကျင်းကျေးရွာတွင် ၈၅ အိမ်၊ ဘုတ်ရွာ တွင် ၁၈၀ အိမ်၊ ကုန်းရိုးကျေးရွာ ၆ အိမ်၊ ဝန်းရံကျေးရွာတွင် ၆ အိမ်၊ အင်တိုင်း လေးကျေးရွာတွင် ၃၆ အိမ်၊ ချောင်းနားကျေးရွာတွင် ၁၁ အိမ်၊ အင်းတန်း ကျေး ရွာတွင် ၃၄ အိမ်၊ စိုင်ပြင်မြို့ (အမှတ်၃-အမှတ်၅) တွင် နေအိမ် ၂၈ အိမ် ဆိုင်ခန်း ၂၄ ခန်း မီးရှို့ ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ရန်ကုန် ခေတ် သစ် သို့ ပြောကြားသည်။

စစ်တပ်က ပြည်သူများ၏ နေအိမ်များသာမက ညောင်လှရွာရှိ ကံဦးဘုန်းကြီး ကျောင်း၊ ယဉ်ကျေးရွာရှိ ယဉ်ကျေးတောကျောင်း၊ မူးရိုးကုန်းရွာတွင် ရန်ကွင်း ကြီး ကျောင်း၊ ညောင်ကြီးကုန်းရွာရှိ ညောင်ကြီးကုန်းကျောင်း၊ ကံပြားရွာရှိ ဘုန်းကြီးကျောင်းများကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယမန်နှစ်အတွင်းတစ်နှစ်လုံး အိမ်ခြေ ၁၀၀၀၀ နီးပါးကို စစ်တပ်က မီးရှို့ဖျက်ဆီး ခဲ့ကြောင်း၊ လက်ရှိအချိန်အထိ ပြည်သူများမှာ နေအိမ်များကို ပြန်လည် တည် ဆေက် နိုင်ခြင်းမရှိဘဲ တောတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဒီပဲယင်းမြို့နယ်တွင် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာတချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article