27 C
Yangon

ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာကို စစ်တပ်က တတိယ အကြိမ်မြောက် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး

Must read

ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာကို စစ်တပ်က တတိယ အကြိမ်မြောက် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၂၆

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အရှေ့ခြမ်း ညောင်လှကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၄ ရက်နှင့် ၂၅ ရက်နေ့များတွင် တတိယအကြိမ် မြောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

အိမ်ခြေ ၁၀၀၀ နီးပါးရှိသော ညောင်လှကျေးရွာကို စစ်ကောင်စီတပ်က ယမန် နှစ် အတွင်း ၂ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ တတိယအကြိမ်အဖြစ် ယခု ဇန်နဝါရီလ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့တွင် ထပ်မံ မီးရှို့ဖျက်ဆီးခြင်းဖြစ်ပြီး ဆုံးရှုံးမှု တန်ဖိုးကြီးမား ကြောင်း သိရှိရသည်။

“ညောင်လှက အခု အကြိမ် မီးရှို့ခံရတာ အတော်များပါတယ်။ ရွာလုံး ကျွတ်နီး ပါးပါပဲ။ မူလအိမ်ခြေက ၁၀၀၀ လောက်ရှိတယ်ဗျ နည်းနည်းပဲ ကျန်တယ်။ ပထမအ ကြိမ်က အိမ်ခြေ ၅၀ လောက်၊ ဒုတိယအကြိမ်က အိမ်ခြေ ၂၀၀ လောက် ရှို့ခံခဲ့ရတာပါ။ အခု အကြိမ်က အတော်များပါတယ်။ ဆန်စက် တွေ ရော ပါသွားတယ်။ အရင် အခါက မီးရှို့ခံရလို့ပြန်ဆောက်ထားတဲ့ တဲတွေပါ ထပ် ရှို့ သွားတာ”ဟု ဒီပဲယင်း မြို့နယ် စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့မှ ရန်ကုန် ခေတ် သစ် သတင်းဌာနသို့ ပြော ကြားသည်။

ယနေ့ ဇန်နဝါရီ ၂၆ ရက်နေ့တွင် စစ်တပ်က ညောင်လှရွာမှ မရကန်ရွာနှင့် အုန်းတပင်ရွာများကို ဝင်ရောက်ပြီး အုန်းတပင် ရွာကို လက်ရှိအချိန်တွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဓာတ်ပုံ- ဇန်နဝါရီလ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့တွင် မီးရှို့ဖျက်ဆီး ခံထား ရသော ဒီပဲယင်းမြို့နယ်၊ညောင်လှကျေးရွာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article