37 C
Yangon

ဒီပဲယင်းရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ဒေသခံ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ဒီပဲယင်းရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ဒေသခံ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရ

ရန်ကုန်၊ ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ​ပြောဆိုသည်။

ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဆပ်ပြာကျင်းရွာနှင့် ဘုတ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကာ လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ်က ကျေးရွာ ၂ ရွာ အတွင်း တပ်စွဲထားကြောင်း သိရသည်။

“ဒီနေ့ ညနေ ၅ နာရီလောက်မှာ စစ်ခွေးတွေက ဆပ်ပြာကျင်းနဲ့ ဘုတ်ရွာကို မီးတင်ရှို့နေတာ ကျေးရွာအတွင်း ပျက်စီးဆုံးရှုံးမှုနဲ့ ပြည်သူတွေ ထိခိုက်မှု အခြေအနေကို မသိရသေးဘူး။ ရွာအပြင်ကနေပဲ မီးခိုးတွေ ထွက်နေတာကိုပဲ မြင်နေရတယ်။ စစ်ခွေးတွေက ရွာထဲကို စစ်ကြောင်းတွေခွဲပြီး ရှို့နေတာ ပျက်စီးမှုများနိုင်တယ်” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article