36 C
Yangon

ဒုဗိုလ်မှူးကြီးအဆင့် အရာရှိကိုပါ ပစ်သတ်သည်အထိ အရှိန်မြင့်လာတဲ့ တပ် တွင်း ပုန်ကန်မှု တွေကြောင့် မင်းအောင်လှိုင် စစ်တပ် ပြိုကွဲဖို့ နီးလာပြီလား

Must read

ဒုဗိုလ်မှူးကြီးအဆင့် အရာရှိကိုပါ ပစ်သတ်သည်အထိ အရှိန်မြင့်လာတဲ့ တပ် တွင်း ပုန်ကန်မှု တွေကြောင့် မင်းအောင်လှိုင် စစ်တပ် ပြိုကွဲဖို့ နီးလာပြီလား

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်ပြီး စစ်အာဏာသိမ်းလိုက်ချိန်မှာ စစ်တပ်အတွင်းမှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့စစ်တပ် အရာရှိ တွေ၊ စစ်သည်တွေ အမြောက်အမြား ရှိနေခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းကာလကနေ ဒီနေ့အထိ CDM ဝင်ကြတာ၊ တပ် ထဲ ကနေ ထွက်ပြေးကြတာ အပါအဝင် စစ်တပ်ကို စွန့်ခွာသွားတဲ့ စစ်သည် နဲ့ အရာ ရှိ အရေအတွက် ၃ သောင်းနီးပါးရှိတယ်လို့ တပ်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် တပ်ကို မစွန့်ခွာ၊ ထွက်မပြေး၊ CDM မဝင်နိုင် ပေ မယ့်လည်း တပ်တွင်းသတင်းတွေကို ပြင်ပ ထုတ်ပေးတဲ့ ဖရဲသီး တွေလည်း မြောက် မြားစွာရှိခဲ့ပြီး အခွင့်အရေး ရတာနဲ့ တပ်တွင်း ပုန်ကန်မှုတွေ လုပ်ဖို့ ပြင် ဆင်ကြိုးစားမှု များစွာလည်းရှိနေပါတယ်။ အခုအခါမှာတော့ တပ်တွင်း ပုန်ကန် မှု တွေက ပုံစံအမျိုးမျိုးနဲ့ လူထုရှေ့မှောက်ကို ရောက်ရှိလာနေပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်း ပြင်ဦးလွင်၊ စစ်တပ် ဆက်သွယ်ရေးနဲ့ အီလက်ထရောနစ်သင်တန်းကျောင်း ဒုကျောင်းအုပ် ဒုဗိုလ်မှူးကြီး ကျော်စိုး အောင် ကို စစ်သည် ၁ ဦးက သေနတ်နဲ့ ၂ ချက် ပစ်သတ်လိုက်ပါတယ်။

ပစ်သတ်မှုဖြစ်စဉ်က တပ်တွင်း ပုန်ကန်မှု စစ်တပ်က သတင်းမ ပေါက်ကြား စေ ဖို့ တင်းတင်းကျပ်ကျပ် ပိတ်ဆို့ အမှောင်ချခဲ့ပေမယ့်လည်း တပ်တွင်း ဖရဲသီး တွေ ကြောင့်ပဲ သတင်းပေါက်ကြား ဖော်ပြနိုင်ခဲ့ပါတယ်။

ပြင်ပကို သတင်းမထွက်လာတဲ့ တပ်တွင်းပုန်ကန်မှုတွေ များစွာရှိခဲ့ပြီး ဒုတိယ ဗိုလ် မှူး ကြီး အဆင့် အရာရှိကြီးကို စစ်သည် ၁ ဦးက ပစ်ခတ်သတ်ဖြတ် တဲ့ အထိ တပ်တွင်းပုန်ကန်မှုတွေ အရှိန်တက်လာနေတာလည်းဖြစ်ပါတယ်။

CDM ဗိုလ်ကြီး လင်းထက်အောင်ကတော့ ဒီဖြစ်စဉ်က အမိန့်မနာခံမှုနဲ့ တပ် တွင်း ပုန်ကန်မှုတွေ စစ်တပ်အတွင်းမှာ ဖြစ်ပေါ်နေတာကို ပေါ်လွင်စေပြီး ပြည်သူ တွေ မသိလိုက်ရတဲ့ တပ်တွင်း အမိန့်မနာခံမှုနဲ့ ပုန်ကန်မှုတွေ များစွာရှိ နိုင်တယ်လို့ သုံးသပ်ပြော ဆိုပါတယ်။

“ပြင်ဦးလွင်လို သင်တန်းကျောင်းတစ်ခုမှာ အခုလို ဒုတိယကျောင်းအုပ်ကြီး ရာထူး ရှိပြီး ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသူတစ်ဦးကို လက်အောက်ကနေ ပြန်ပြီး တော့ ပစ်သတ်တယ်ဆိုတာက အထက်အောက် ယုံကြည်မှု လျော့နည်း နေတဲ့ သဘောတရားတွေ သွားတွေ့ရတယ်။ နောက်ပြီးတော့ အပေါ်ကနေ ပြီးတော့ လက်အောက်က အဖွဲ့တွေကို ဖိနှိပ်ထားလဲ၊ ချုပ်ခြယ်ထားလဲ။ နောက် ပြီး အတင်းအကျပ် အဓမ္မစေခိုင်းမှုတွေ ဘယ်လောက်ရှိနေမလဲ ဆိုတာကို ကျနော် တို့သွားတွေ့ရတယ်။ ဒီအချက်အလက် တွေကြောင့် အခုလိုမျိုး ဒုတပ် ကြပ် ကနေ ဒုတိယဗိုလ်မှူးကြီး အဆင့်ပေါင်းများစွာ ကွာတဲ့သူကို ဒီလိုမျိုး ပြန်ပစ်တဲ့ဖြစ်စဉ် ဖြစ်သွားတာဖြစ်တယ်။ ကျနော်တို့ အခုလိုမျိုး သိရတဲ့ ဖြစ်စဉ် ပဲရှိသေးတယ်။ မသိရတဲ့ဖြစ်စဉ်တွေ ဘယ်လောက်များရှိမလဲ” လို့ CDM ဗိုလ် ကြီး လင်းထက်အောင်က ဆိုပါတယ်။

အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ကြသော တပ်တွင်းပုန်ကန်မှုများ

====================================

ရန်ကုန်ခေတ်သစ်အနေနဲ့ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တပ်တွင်း ပုန်ကန်မှု သတင်းတွေ ပြန်လည်စာရင်း ကောက်ယူရာမှာ ထူးထူး ခြားခြား အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ တပ်တွင်း ပုန်ကန်မှုတွေ ဖြစ်ပေါ်ခဲ့တာကို တွေ့ရှိခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့ ရန်ကုန်တိုင်း သန်လျင်မြို့နယ်၊ စစ်ပင်ကွင်း ကျေးရွာမှာ စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သည် ၇ ဦးကို စစ်သား ၂ ဦးက ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

ပစ်ခတ်မှုကြောင့် ဗိုလ်ကြီးမျိုးဟန်၊ တပ်ကြပ်သိန်းအောင်၊ တပ်သားတိုးတက် နိုင်၊ တပ်သားမျိုးမင်းခန့်၊ တပ်သားစန်းဝင်း၊ တပ်သားအောင်လေးနဲ့ တပ်သား လင်းလင်းထွေး တို့ သေဆုံးပါတယ်။ တပ်တွင်းပုန်ကန်ပြီး ပစ်ခတ်ခဲ့တဲ့ စစ် သည် ၂ ဦးကို စစ်တပ်က ပြန်လည် ဖမ်းဆီးရမိပြီး စစ်ဆေးအရေးယူတာတွေ မလုပ်တော့ဘဲ သတ်ပစ်လိုက်ပါတယ်။

နောက်ထပ် အစုလိုက်အပြုံလိုက် တပ်တွင်း ပုန်ကန်မှု တစ်ခုကတော့ ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ပြည်ထောင်ကျေးရွာ၊ အမှတ် ၇ တပ်မ တော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းမှာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ စစ်သား ၈ ဦးကို အရာခံ ဗိုလ် အောင်သန်းက ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှ အရာရှိ တချို့က အမှတ် ၇ တပ်မတော်တန်းမြင့်သင်တန်းကျောင်းကို လာရောက် စစ်ဆေးရာမှာ လုံခြုံရေး ကင်းကျနေတဲ့ စစ်သား ၁၀ ဦးက ဆေးသုံးစွဲပြီး မူးယစ် နေတာ၊ အရက်သောက်ထားတာကို တွေ့ရှိရကြောင်း၊ အဲဒါကြောင့် သင်တန်း ကြီးကြပ်ရေးအရာရှိ အရာခံဗိုလ်အောင်သန်းကို စစ်အရာရှိတွေက ခေါ်ယူ အပြစ် ပေး ဆူပူရာက ညပိုင်းမှာ အရာခံဗိုလ် အောင်သန်းက စစ်သား ၈ ဦးကို ပစ်ခတ် သတ်ဖြတ်လိုက်တာလည်းဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်မှာတော့ တပ်တွင်း ပုန်ကန်ခဲ့သူ အရာခံဗိုလ်အောင်သန်းကို ဖမ်းဆီးရမိခဲ့ခြင်း မရှိပါဘူး။

သုံးသပ်ချက်

==========

မင်းအောင်လှိုင်ရဲ့ အကြောင်းပြချက် မခိုင်လုံဘဲ သမ္မတရူး ရူးနေတဲ့ ဆန္ဒကြောင့် အာဏာသိမ်းခဲ့ရာက ပြည်သူတွေနဲ့ စစ်တပ်အကြားမှာ ရန်သူဖြစ်လာနေတာ၊ နေ့စဉ် စစ်သားတွေ သေဆုံးနေတာ၊ စစ်မှုထမ်းဟောင်းနဲ့ စစ်သား အသိုင်း အဝိုင်း တွေ လုံခြုံမှု မရှိတော့တာတွေကြောင့် တပ်တွင်းပုန်ကန်မှုတွေ ဒီထက် ပိုမို များပြားလာဖို့ ရှိနေပါတယ်။

စစ်တပ်က တပ်တွင်းပုန်ကန်မှုတွေ မဖြစ်ဖို့ ၊ CDM တွေ မလုပ်ကြဖို့ အတွက် အရာရှိ၊ စစ်သည် တပြေးညီ ထမင်း၀ိုင်းတွေကို စီမံချက်နဲ့ တပ်တွေထဲမှာ လိုက် လုပ်နေပေမယ့်လည်း အရာရာက နောက်ကျသွားခဲ့ပြီဖြစ်ပါတယ်။ ကြီးမားတဲ့ တပ်တွင်း ပုန်ကန်မှုတွေက သိပ်မကြာခင် ဖြစ်လာနိုင်တယ်လို့ သုံး သပ်မှုတွေလည်းရှိပါတယ်။

CDM ဗိုလ်ကြီး လင်းထက်အောင်ကတော့ တပ်တွင်း အမိန့်မနာခံမှုတွေ ပုန် ကန် မှု တွေ ထပ်ဖြစ်လာနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေကို သဘော တူပါ တယ်။

“စစ်တပ်အတွင်းမှာ ပြည်သူတွေရဲ့ ဖိအားပေး တော်လှန်မှုတွေကြောင့် ဘယ် လောက်တောင် ရိုက်ခတ်နေမလဲဆိုတာ တွေးကြည့်လို့ရပါတယ်။ စစ်တပ် အတွင်း မှာ အထက်အောက် မယုံကြည်မှုတွေ အမိန့် နာခံစီးဆင်းမှုတွေမှာ ပျက်ပြားလာတာတွေ၊ အမိန့်မနာခံမှုတွေ ဒီထက်တိုးလာဖို့ပဲရှိတယ်လို့ ပြော ချင်ပါတယ်” လို့ CDM ဗိုလ်ကြီး လင်းထက်အောင်က ဆိုပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article