38 C
Yangon

နတ်တလင်း၊ တောင်ညိုဆည်တွင် စစ်တပ်၏ စက်လှေတစ်စီးကို ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်မှု စစ်သား ၄ ဦးသေ ဆုံး

Must read

နတ်တလင်း၊ တောင်ညိုဆည်တွင် စစ်တပ်၏ စက်လှေတစ်စီးကို ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်မှု စစ်သား ၄ ဦးသေ ဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၇

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ အရှေ့ဘက် တောင်ညိုဆည်တွင် စစ်တပ် စက်လှေ တစ် စီးကို ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Phonex DF (Nattalin PDF) မှ သတင်းနှင့်ပြန်ကြားရေး တာဝန် ခံက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ဘိုကြီးစခန်းကျေးရွာရှိ တပ်စခန်းသို့ အင် အား ဖြည့်တင်းရန် လာရောက်သည့် အကြမ်းဖက်စစ်သား ၁၅ ဦးခန့်ပါ စက်လှေတစ်စီး ကို ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့များက ကြားဖြတ်ပြီး ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၆ ဦးထက်မ နည်း အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ အထိနာသွားသော အကြမ်းဖက်စက် လှေမှာ ရှေ့ ဆက်မတိုး နိုင်တော့ဘဲ လာရာလမ်းအတိုင်း ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

“ဘိုကြီးကျေးရွာမှာ အင်အား ၄၀ လောက်နဲတပ်စွဲထားတာကြာပြီ။ အဲဒီစခန်းကို အင်အားဖြည့်ဖို့ လာ တဲ့ စက်လှေကို လမ်းကနေ စောင့်ပြီးတော့ ပစ်တာပေါ့၊ ရေပြင်ထဲမှာပဲ ဝိုင်းပစ်ပြီး တိုက်ခိုက် ခဲ့တာ၊ ဒီဘက်မှာ စစ်ကြောင်းတွေက အမြဲတမ်းလိုလို ထိုးနေတာ၊ တပ်မ ၆၆ တိုက်ခိုက်ရေးတပ်က တစ်ဝက် လောက်ပါမယ်၊ ကပစ က ကောင်တွေပါမယ်၊ အဲလိုပေါင်းပြီး လာတာများတယ်၊ အခုလာတဲ့ တပ်က တော့ ဘယ်က အင်အားလဲ အတိအကျ မပြောနိုင်ဘူး”ဟု Phonex DF (Nattalin PDF) မှ သတင်း နှင့်ပြန် ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ Zigon PDF ၊ တပ်ရင်း ၃၈၀၁ တပ်ခွဲ ၂ Phonex DF(Nattalin PDF)၊ တပ်ရင်း ၃၈၀၁ တပ်ခွဲ ၃ နတ်စစ်သည်နှင့် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၄ (MRF – Nattailn) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက် မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကြောင့် စက်လှေဖြင့် ပို့ဆောင်ပေးသူ အရပ်သားပြည်သူ တစ်ဦးထိခိုက်ဒဏ်ရာရရှိပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန် လာနိုင်သဖြင့် ပြည်သူ များအနေဖြင့် အကြမ်းဖက်စစ်အုပ်စု အနီး တွင် နေထိုင်ခြင်း၊ အဆက်အသွယ်ပြုလုပ်ကူညီခြင်းများ ရှောင်ရှားကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article