28 C
Yangon

နတ်မောက်တွင် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲအတွက် သန်း ခေါင်စာရင်း ခြိမ်းခြောက် လိုက်ကောက်နေသည့် ကျောင်းဆရာတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

Must read

နတ်မောက်တွင် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲအတွက် သန်း ခေါင်စာရင်း ခြိမ်းခြောက် လိုက်ကောက်နေသည့် ကျောင်းဆရာတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီလ ၁၃

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် လူဦးရေနှင့်သန်းခေါင်စာရင်း ဖိအားပေးခြိမ်းခြောက် ကောက်ယူနေသော မူလတန်းကျောင်းအုပ်ဆရာ ဝင်းခိုင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် နတ်မောက်မြို့နယ်၊ ဖျောက်ဆိတ်ကုန်းရွာတွင် တာဝန်ကျနေသော မူလတန်းကျောင်းအုပ် ဝင်းခိုင်သည် အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံအားပေးကာ စစ်တပ်၊ ရဲ များနှင့် ပူးပေါင်းပြီး မဲစာ ရင်းကောက်ခံနိုင်ရန် မြို့နယ် အတွင်းရှိ ပညာရေးဝန်ထမ်းများကို ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ တာဝန်ကျရာနေရာရှိ ပြည်သူလူထုပေါ်တွင်လည်း ဖိအားပေးခြင်း၊ ခြိမ်းခြောက်စည်းရုံးနေခြင်းတို့ ကြောင့် Magway Guerilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့)နှင့် မဟာမိတ်များက ကျောင်း အုပ်ဝင်းခိုင်ကို ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ကျင်းပမည့် တရားမဝင်ရွေးကောက်ပွဲအတွက် ပူးပေါင်းဆောင်ရွက်နေသော Non CDM ဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေးမှူးများ အနေဖြင့် ပြည်သူလူထုအား မဲအတင်းအဓမ္မ ကောက်ခံနေမည်ဆိုပါက မူတန်းကျောင်းအုပ် ဝင်းခိုင်နည်းတူ ပစ်ခတ်ရှင်းလင်းသွားမည်ဖြစ် ကြောင်း မြို့ပြပျောက်ကျားတပ်ဖွဲ့များက အထူးသတိပေးထားသည်။

ရှင်းလင်းမှုကို Magway Guerilla Warfare (မကွေးပြောက်ကျားတပ်ဖွဲ့) နှင့် ဒေါင်းစစ်သည် ပြောက်ကျားတပ်(နတ်မောက်)တို့ ပူးပေါင်းကာ ပစ်ခတ်ရှင်း လင်းခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်အာဏာ ရှင်စနစ်ကျဆုံးသည်အထိ တိုက် ခိုက် ချေမှုန်းသွားမည်ဖြစ်သဖြင့် ပြည်သူလူထုအနေဖြင့် စစ်တပ်၊ ရဲများနှင့် ဝေးဝေးနေထိုင်သွားလာကြရန် သတိပေးထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ပစ်ခတ်ခံရပြီး သေဆုံးသွားသော ကျောင်းအုပ်ဆရာ ဝင်းခိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article