40.9 C
Yangon

နိုင်ငံတကာ ဖိအားများကြောင့် NUG ၊ CRPH နှင့် PDFတပ်များကို မနိုင်တော့ဟု အဓိပ္ပာယ်သက်ရောက်သည့် အခြေအနေများကို စစ်ကောင်စီ၏ လျှို့ဝှက်အစည်းအဝေးတွင် ဆွေးနွေး

Must read

နိုင်ငံတကာ ဖိအားများကြောင့် NUG ၊ CRPH နှင့် PDFတပ်များကို မနိုင်တော့ဟု အဓိပ္ပာယ်သက်ရောက်သည့် အခြေအနေများကို စစ်ကောင်စီ၏ လျှို့ဝှက်အစည်းအဝေးတွင် ဆွေးနွေး

—————————————————————

အမေရိကန်၏ Burma Act ၊ ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်၊ တ ရုတ်-အာဆီယံ၏ ဖိအား၊ G-7၊ G-20 များ၏ ဖိအားကြောင့် ပိုမိုခက်ခဲလာနိုင် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး ပြော

ရန်ကုန်၊ ဇန်နဝါရီ ၁၄

အမေရိကန်၏ Burma Act ၊ ကုလလုံခြုံရေးကောင်စီ ၏ ဆုံး ဖြတ်ချက်၊ တ ရုတ်-အာဆီယံ၏ ဖိအား၊ G-7၊ G-20 များ၏ ဖိအားများကြောင့် စစ်ကောင်စီအတွက် ပိုမိုခက်ခဲလာနိုင်ပြီး အကြမ်းဖက်မှုများ မြင့်မားလာနိုင်ကြောင်း ပြည်ထဲ ရေးဝန်ကြီး စိုးထွဋ်ဦးဆောင်သော လျှို့ ဝှက် အစည်းအဝေးတွင် ဆွေးနွေးကြောင်း သိရှိရသည်။

နေပြည်တော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အရိန္နာခန်းမတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့ ကျင်းပခဲ့သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ အစည်း အဝေး အမှတ် ၁ / ၂၀၂၂ တွင် ထိုသို့ ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းအစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီး စိုးထွဋ် ဦးဆောင် ဆွေးနွေးပြီး ပြည်နယ်/တိုင်း ရဲချုပ်များ၊ ဌာနဆိုင်ရာ စုစုပေါင်း ၅၅ ဦး တက်ရောက်ခဲ့ကြသည်။

ယင်းအစည်းအဝေးတွင် နယ်စပ်ရေးရာဒုဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးက လက်ရှိအခြေအနေများကို ကြည့်လျှင် G-7 ၊ G-20 အစည်းအဝေးများမှ ထွက်လာသည့် ရလဒ်များ၊ တရုတ်-အာဆီယံမှ ထွက်လာသည်ံ ရလဒ်များအရ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ မြင့်မားလာနိုင်သည်ဟု သုံးသပ်ကြောင်း၊ အမေရိကန်နိုင်ငံက အတည်ပြုလိုက်သည့် Burma Act ၊ ကုလသမဂ္ဂက တောင်းဆိုနေမှု၊ အာဆီယံ၏ ဖိအားများကြောင့် ပိုမိုခက်ခဲလာနိုင်ကြောင်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးက လက်ရှိ PDF ၊NUG တို့နှင့် ဆက်စပ်နေမှုများကို အရေးယူပြီးနောက် လွတ် ငြိမ်းချမ်းသာခွင့် မရှိစေရဟု ဥပဒေပြဋ္ဌန်းခြင်းမျိုး ပြုလုပ်နိုင်ပါက အတိုင်းအတာ တစ်ခုအထိ ထိန်းသိမ်းနိုင်မည်ဟု သုံးသပ်ကြောင်း အပါအဝင် အကြံပြုချက် ၄ ချက် တင်ပြခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- နယ်စပ်ရေးရာဒုဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article