30 C
Yangon

နိုင်ငံတစ်ဝန်း ဆေးကုသနေသည့် CDM ဆရာဝန်များကို စစ်ကောင်စီက အငြိုးတကြီးဖြင့် လိုက်ဖမ်း ခိုင်းနေ၊ မန္တလေးမှ CDM ဆရာဝန် ၉ ဦးကို ဆေးကုသမှုဖြင့် လျှို့ဝှက် ဖမ်းဆီးခိုင်းထား

Must read

နိုင်ငံတစ်ဝန်း ဆေးကုသနေသည့် CDM ဆရာဝန်များကို စစ်ကောင်စီက အငြိုးတကြီးဖြင့် လိုက်ဖမ်း ခိုင်းနေ၊ မန္တလေးမှ CDM ဆရာဝန် ၉ ဦးကို ဆေးကုသမှုဖြင့် လျှို့ဝှက် ဖမ်းဆီးခိုင်းထား

ရန်ကုန်၊ ဇန်နဝါရီ ၁

မြန်မာနိုင်ငံတစ်ဝန်းရှိ CDM ဆရာဝန်များကို အကြမ်းဖက်စစ်ကောင်စီက အငြိုးတကြီးဖြင့် လိုက်လံ ဖမ်းဆီးခိုင်းနေကြောင်း နေပြည်တော်ကျန်းမာရေး သတင်းရင်းမြစ်ထံမှ သိရှိရသည်။

မန္တလေးတိုင်းတွင် မန္တလေးဆေးတက္ကသိုလ်မှ CDM ဆီးနှင့် ကျောက်ကပ် ခွဲစိတ်အထူး ကု ဆရာဝန် ကြီး ပါမောက္ခ ဒေါက်တာဝင်းခိုင်သည် နန်းတော်ဆေးရုံတွင် ဆေးကုသနေစဉ် ဒီဇင်ဘာလ ၂၅ ရက်နေ့ စစ်တပ်က လူနာအသွင်ယူ၍ ဖမ်းဆီးပြီးနောက် အဆိုပါ ဆရာဝန်ကြီး နှင့်ဆက်စပ် သော CDM ဆရာဝန် ၉ ဦးကို လျှို့ဝှက် ဖမ်းဆီးခိုင်းထား ကြောင်း သိရှိရသည်။

“ပါမောက္ခ ဆရာဝန်ကြီး ဒေါက်တာဝင်းခိုင်ရဲ့ တပည့်တွေဆိုပြီး ဆက်စပ် အဖြစ် လိုက်ဖမ်းနေတာ ၉ ဦးရှိ ပါတယ်။ နာမည်စာရင်းတွေနဲ့ လျှို့ဝှက်စာရင်းထုတ်ပြီး လိုက်ဖမ်းနေတာပါ” ဟု ရန်ကုန် ခေတ် သစ်၏ သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် မွန်ပြည်နယ်၊ ရန်ကုန်တိုင်း အပါအဝင် ပြည်နယ်နှင့်တိုင်းအားလုံးတွင် CDM လုပ်ထားသည့် ဆရာဝန်၊ သူနာပြုများ၊ ဆေးရုံဝန်ထမ်းများကို ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများတွင် လုံး၀ ခန့်ထား ခြင်းမရှိစေရန်၊ ခန့်ထားလျှင် အရေးယူရန် ညွှန်ကြားချက်များကို စစ်ကောင်စီက ထုတ်ပြန် လျက်ရှိကြောင်း သိရှိရသည်။

“CDM တွေ အငြိုးထားပြီး လုပ်တာ။ သူတို့ ခေါ်တော့လည်း ပြန်မလာ၊ အပြင်မှာ ဆေးကုနေမှာကို မလိုလားလို့ ယုတ်မာတာပေါ့။ ငါနဲ့မတူ ငါ့ရန်သူ သဘောမျိုး လုပ်လာတာ။ CDM ဆရာဝန်နဲ့ ဆေး အသိုင်းအ၀ိုင်းကလည်း ခံယူချက် ခိုင်မာနေကြတော့ စစ်တပ်က အဲဒါကို အခဲမကျေဖြစ်နေတာ” ဟု ကျန်းမာရေးသတင်းရင်းမြစ်က ပြောသည်။

CDM ကျန်းမာရေး ဝန်ထမ်းများကို ခန့်ထားသည်ဟုဆိုကာ မန္တလေးရှိ ပုဂ္ဂလိကဆေးရုံ ၄ ခုကိုလည်း စစ်ကောင်စီက ယာယီ ပိတ်သိမ်ခိုင်းထားပြီး ဖိနှိပ်မှုများ တိုးမြှင့်လုပ်ဆောင်လာလျက်ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article