30 C
Yangon

နိုင်ငံတစ်ဝန်း နေအိမ်တိုင်း မီးချိတ်၊ မီးကတ်၊ သဲအိတ်၊ ရေအိတ် ထားရှိရမည် ဖြစ်ပြီး မထားရှိလျှင် ဒဏ်ငွေ အပြင် ထောင်ပါချမည်ဟု စစ်တပ်က ခြိမ်း ခြောက်၊ ဆိုရှယ်လစ် ခေတ်ပြန်သွားနေဟု ပြည်သူများပြော

Must read

နိုင်ငံတစ်ဝန်း နေအိမ်တိုင်း မီးချိတ်၊ မီးကတ်၊ သဲအိတ်၊ ရေအိတ် ထားရှိရမည် ဖြစ်ပြီး မထားရှိလျှင် ဒဏ်ငွေ အပြင် ထောင်ပါချမည်ဟု စစ်တပ်က ခြိမ်း ခြောက်၊ ဆိုရှယ်လစ် ခေတ်ပြန်သွားနေဟု ပြည်သူများပြော

ရန်ကုန်၊ ဇန်နဝါရီ ၈

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်းရှိ နေအိမ်များအားလုံးတွင် မီးချိတ် မီးကတ်များ၊ သဲအိတ်၊‌ ရေအိတ်များ ထားရှိရမည်ဟု ညွှန်ကြားချက် ထုတ်ပြန် လာပြီး မထားရှိသည့်နေအိမ်များကို ဒဏ်ငွေ အနည်းဆုံး ၅ သောင်းမှ အများ ဆုံး‌ ငွေကျပ် ၂ သိန်းအထိ ဒဏ်ရိုက်မည့်အပြင် ထောင်ပါချမည်ဟု ခြိမ်းခြောက် နေကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများ အား လုံး တွင် စစ်ကောင်စီ၏ အောက်ခြေ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူး များ က နေအိမ်တိုင်း မီးချိတ်၊ မီးကတ်၊ သဲအိတ်၊ ရေအိတ်များ နေအိမ်တိုင်း၏ ရှေ့မျက်စာနှာတွင် ထားရှိရန် လော်စပီကာများဖြင့် လိုက်လံအော်ဟစ်ကြောင်း သိရှိရသည်။ ‌

“ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တွေက မန္တလေးမြို့နယ်တွေအားလုံး မီးဘေး ကာ ကွယ် ရေးအတွက် မီးချိတ်မီးကတ်နဲ့ သဲအိတ်ရေအိတ်ကို အိမ်တိုင်း ထားဖို့ လိုက်အော်တယ်။ လိုက်စစ်ဆေးလို့ မတွေ့လျင် ဒဏ်ငွေ ငါးသောင်း ကျပ် ဒဏ်ရိုက်မယ်။ ပြီးရင် ထပ်စစ်လို့ မထားရင် ထောင်ပါချမယ်ပြောတယ်” ဟု မန္တလေးဒေသခံများက ပြောဆိုကြသည်။

အလားတူ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် မီးချိတ် မီးကတ်များ၊ သဲ အိတ်၊ ရေအိတ်များ ထားရှိရန် လော်စပီကာဖြင့် မီးသတ်နှင့်ရပ်ကွက် အုပ်ချုပ် ရေး အဖွဲ့များက လိုက်လံအော်ဟစ် နေကြောင်း၊ မီးချိတ်မီးကတ်ထားရှိရန် အမိန့်ထုတ်သဖြင့် နေအိမ်တိုင်း ဝါးများ ဝယ်ယူရသဖြင့် ဝါးလုံးစျေးပါ တက် လာကြောင်း သိရှိရသည်။

“အရင်က ဝါးတစ်လုံး ၅၀၀၊ ၆၀၀ ကျပ်ပဲရှိတာ။ အခုဝါးဈေးတစ်လုံး ၂၀၀၀ အထိ တက်တယ်။ မီးချိတ်မီးကတ် တွေလိုက်စစ်နေတယ်။ မလုပ်ထားရင် ဒဏ် ငွေ၅၀,၀၀၀၊ ၁၀၀,၀၀၀ထိ ဒဏ်ရိုက်မယ်ဆိုလို့ ရက်ကွက်ထဲ ပွဲဆူနေတယ်။ သူတို့ အာဏာကို စမ်းပြီး လုပ်နေတာ။ ရပ်ကွက်နေပြည်သူတွေက ထမင်း စား ဖို့တောင် မနည်းရုန်းကန်နေရတာ ဘာမှအသုံးမတည့်တဲ့ မီးချိတ်မီးကတ်ကို

ဦးသန်းရွှေလက်ထက်ကတည်းက လုပ်ခိုင်းလာတာ။ ငွေညှစ်ယုတ်မာဖို့ပဲ စဉ်း စား နေတာ။ မီးချိတ်မီးကတ်ထားရတယ်ဆိုတာ မဆလခေတ် မီးသတ်ကားနဲ့ နည်းပညာတွေ မထွန်းကားခင်က အခြေအနေပါ။ အခု ဆိုရှယ်လစ် ခေတ် ပြန် သွားနေသလား မှတ်ရတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောဆိုသည်။

မီးချိတ်မီးကတ်များကို လိုက်လံစစ်ဆေးရာတွင် မီးသတ်၊ ရပ်ကွက် အုပ်ချုပ် ရေးအဖွဲ့များအပြင် စစ်တပ်နှင့်ရဲများက လိုက်ပါ စစ်ဆေးမှုရှိ၍ ပြည်သူ အများ စု က စကားမပြောလို၍ မီးချိတ်မီးကတ် လုပ်ဆောင်ကြသည်ဟု သိရှိရ သည်။

ဓာတ်ပုံ- မီးချိတ်မီးကတ်လုပ်နေသူ ပြည်သူတစ်ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article