36 C
Yangon

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို တောင်ငူအကျဉ်းထောင်သို့ ပို့ဆောင်ထားပြီး လုံခြုံရေး တင်းကျပ်ထား

Must read

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို တောင်ငူအကျဉ်းထောင်သို့ ပို့ဆောင်ထားပြီး လုံခြုံရေး တင်းကျပ်ထား

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို အကြမ်းဖက် စစ်ကောင်စီက တောင်ငူ အကျဉ်းထောင်သို့ ပို့ဆောင်ထားပြီး လုံခြုံရေး တင်းကျပ်ထားကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များက အတည်ပြု ပြောဆိုသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့တွင် သမ္မတ ဦးဝင်းမြင့်ကို တောင်ငူအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တောင်ငူ အကျဉ်းထောင်တွင် လုံခြုံရေး အဆင့်ဆင့် တိုးမြှင့်ချထားကြောင်း၊ အကျဉ်းထောင်လုံခြုံရေးအတွက် အပြင်စည်း၊ အတွင်းစည်း အထပ်ထပ်ချပြီး စစ်တပ်နှင့်ရဲများပါ လုံခြုံရေး အပြည့် ယူထားခြင်းဖြစ်သည်ဟု သိရှိရသည်။

“သမ္မတဉီးဝင်းမြင့်ကို စနေနေ့ကတောင်ငူထောင်ကို့ပို့ထားတယ်လို့ သိရပါတယ်။ အခုတောင်ငူထောင်ဆေးရုံဘေးကအဆောင်မှာထားပါတယ်။ ထောင်ဆေးရုံဘေးမှာအဆောင်သစ်ဆောက်ပြီးထားတာ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို တောင်ငူထောင်သို့ ပြောင်းရွှေ့မှုနှင့်ပတ်သက်သော သတင်းကို စစ်ကောင်စီထံမှ တရားဝင် အတည်ပြုချက်ရယူနိုင်ခြင်းမရှိပေ။

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖမ်းဆီးပြီး အကျဉ်းချထားကာ နိုင်ငံတော်၏ အာဏာကို အကြမ်းဖက် လမ်းစဉ်ဖြင့် သိမ်းယူခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article