31 C
Yangon

နေပြည်တော်တွင် ခရီးသည်တင် Express ကားနှင့် ဆီဘောက်ဆာကားများ တိုက်မိပြီး ကား ၂ စီး မီးလောင်၊ လူ ၄ ဦးဒဏ်ရာရ

Must read

နေပြည်တော်တွင် ခရီးသည်တင် Express ကားနှင့် ဆီဘောက်ဆာကားများ တိုက်မိပြီး ကား ၂ စီး မီးလောင်၊ လူ ၄ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၁၃

နေပြည်တော်တွင် ယနေ့ ညနေပိုင်း ခရီးသည်တင် Express ကားနှင့် ဆီဘောက် ဆာကားများတိုက်မိပြီး ကား ၂ စီး မီးလောင်သွားကာ လူ ၄ ဦးဒဏ်ရာရရှိကြောင်း သဗ္ဗသုခ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေ ၆ နာရီအချိန် နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းမကြီးအပေါ် မရင်းကြီး ကျေးရွာအနီးတွင် ခရီးသည်တင်ကားနှင့် ဆီဘောက်ဆာကား ၂ စီးတို့ တိုက်မိပြီး ကား ၂ စီး မီးလောင်သွားခြင်းဖြစ်ကြောင်း၊ ခရီးသည်များအားလုံး ကားပေါ်မှ အချိန်မီ ဆင်းလိုက်နိုင်သဖြင့် ဘေးလွတ်ကင်းပြီး လူ ၄ ဦးမှာမူ ဒဏ်ရာ အနည်းငယ်ရရှိကြောင်း သိရှိရသည်။

“ဆီသယ်ယာဉ် (ဆီဘောက်ဆာ) (၂)စီးနှင့် ခရီးသယ်တင်ယာဉ် (နန်းထိုက်စံ Express) တိုက်မိတယ်။ ဆီဘောက်တစ်စီးနှင့် ခရီးသည်တင်ယာဉ်မီးလောင်တယ်။ ခရီးသည်တင်ကားက ဒရိုင်ဘာက တော်တယ်။ တိုက်မိတာနဲ့ လမ်းဘေးကို ဆွဲချရပ်ပြီး ခရီးသည်တွေကို အကုန် အချိန်မီဆင်းခိုင်းတာ။ အဲဒါကြောင့် ခရီးသည်တွေ အားလုံး လွတ်တာ။ နို့မို့မဟုတ်ရင် မလွယ်ဘူး။ လူနာ ၄ ဦးဒဏ်ရာရတယ်။ အနီရောင် အဆင့်တော့မဟုတ်ဘူး” ဟု သဗ္ဗသုခ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article