36 C
Yangon

နေပြည်တော်နှင့် ပုသိမ်လေတပ်မှ တိုက်လေယာဉ်များ ကရင်ဘက်သို့ ဦးတည် ပျံသန်း

Must read

နေပြည်တော်နှင့် ပုသိမ်လေတပ်မှ တိုက်လေယာဉ်များ ကရင်ဘက်သို့ ဦးတည် ပျံသန်း

ရန်ကုန်၊ ဇန်နဝါရီ ၂၅

နေပြည်တော်လေတပ်နှင့် ပုသိမ်လေတပ်မှ တိုက်လေယာဉ်တချို့ ကရင်ပြည် နယ် ဘက်သို့ ဦးတည်ပျံသန်းသွားကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်း မြစ် များထံမှ သိရှိရ သည်။

ယနေ့ ကော့ကရိတ်တွင် စစ်ကောင်စီတပ်များ အထိနာနေသဖြင့် လေကြောင်း တိုက်ခိုက်မှုများကို စစ်တပ်က လုပ်ဆောင်လျက်ရှိရာ ယနေ့ ည ၇ နာရီအချိန် တွင် ပုသိမ်လေတပ်မှ တိုက်လေယာဉ် ၁ စီး၊ ည ၇ နာရီ ၄၇ မိနစ်အချိန်တွင် တိုက် လေယာဉ်တစ်စီး ယနေ့ ည လှည့်ပတ်ပျံသန်းနေပြီး ကရင်ပြည်နယ်၊ ကော့ ကရိတ်ဘက်သို့ ဦးတည်နေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ယမန်နေ့ညပိုင်းနှင့် ယနေ့ တစ်နေ့လုံး တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ KNU တပ်မဟာ ၆ ထိန်းချုပ် နယ် မြေ ဘုရားသုံးဆူရှိ သတ္တုတွင်းလုပ်ကွက်များနှင့် ကော့ကရိတ်မြို့နယ်ကို လေ ကြောင်း ဖြင့် ဗုံးကျဲချမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article