30 C
Yangon

နွားထိုးကြီးမြို့မရဲစခန်းမှ ရဲတပ်ကြပ်သန်းဇော်မင်းနှင့် ရဲတပ်သား အောင်ကျော်ဖြိုးတို့ကို PDF တပ်က တိုက်ခိုက်မှု ၂ ဦးစလုံး သေဆုံး၊ သေနတ်တစ်လက် သိမ်းဆည်းရရှိ

Must read

နွားထိုးကြီးမြို့မရဲစခန်းမှ ရဲတပ်ကြပ်သန်းဇော်မင်းနှင့် ရဲတပ်သား အောင်ကျော်ဖြိုးတို့ကို PDF တပ်က တိုက်ခိုက်မှု ၂ ဦးစလုံး သေဆုံး၊ သေနတ်တစ်လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၄

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နွားထိုးကြီးမြို့မ ရဲစခန်းမှ မှ ရဲတပ်ကြပ်သန်းဇော်မင်းနှင့် ရဲတပ်သား အောင်ကျော်ဖြိုးတို့ကို PDF တပ်က တိုက်ခိုက်ရာ ၂ ဦးစလုံး သေဆုံးသွားပြီး သေနတ်တစ်လက် သိမ်းဆည်းရရှိကြောင်း သိရှိရသည်

ယနေ့ ဇန်နဝါရီလ ၁၄ ရက် နံနက်ပိုင်း နယ်ထိန်းရဲတပ်ကြပ်သန်းဇော်မင်းနှင့် ရဲတပ်သား အောင်ကျော်ဖြိုးတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း၊ သေနတ်တစ်လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၄ NPDF မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ နံနက် ၉ နာရီခန့်အချိန် နွားထိုးကြီးမြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်ကြပ် သန်းဇော်မင်းနှင့် ရဲတပ်သား အောင်ကျော်ဖြိုးတို့သည် တစ်ပတ်တစ်ခါဖွင့်လှစ်သော နွားထိုးကြီး နွားဈေးကွင်းသို့ ဆတ်ကြေး ကောက်ရန် ဆိုင်ကယ်ဖြင့်ဝင်ရောက်လာစဉ် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ ရဲ ၂ ဦးစလုံး နေရာ၌ ပွဲချင်းပြီးသေဆုံးသွားကြောင်း၊ ၎င်းတို့ ကိုင်ဆောင်လာသော အူစီတစ်လက်၊ ကျည်ဘောက်နှစ်ခု၊ 9 MM ကျည် ၁၅၆ တောင့်နှင့် လက်ကိုင်ဖုန်း တစ်လုံးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ပြန်တောင်မပစ်နိုင်ဘူး၊ နွားဈေးကွင်းကို ဆိုင်ကယ်နဲ့ နှစ်ယောက်တည်းပဲလာတာ၊ စခန်းက နေလာမယ် ဆိုင်ရင် ၅ မိနစ်လောက်နဲ့ရောက်တဲ့ နေရာမှာပဲ၊ နွားထိုးကြီးမြို့လယ်ရဲ့ အရှေ့ တောင်နားလေးမှာ လုပ်တဲ့ နွားဈေးကွင်းမှာရှင်းခဲ့တာ၊ ပစ်ခတ်တဲ့အချိန်မှာ ပြည်သူတွေ ထိခိုက်မှာစိုးရိမ်တဲ့အတွက် ဆင်ဆင် ခြင်ခြင်တော့ ပစ်ခတ်ခဲ့ ရတာပေါ့” ဟု မြင်းခြံခရိုင် တပ်ရင်း ၄ NPDF မှတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ နယ်ထိန်း သန်းဇော်မင်း နှင့် ရဲအပေါင်းအပါများသည် နွားထိုးကြီးမြို့နယ် အတွင်းရှိ ပြည်သူ များ ထံမှ ခြိမ်းခြောက်၍ ငွေတောင်းခံခြင်း၊ လောင်း ကစားများထံမှ ဆက်ကြေးကောက်ခံခြင်း၊ နိုင်ငံရေး ပုဒ်မ ဖြင့် ချိတ်ပိတ်ခံထားရသည့် ပစ္စည်းများ ခိုးယူ လုယက်ခြင်းတို့ကို အကြိမ်ကြိမ် ပြုလုပ် ခဲ့သဖြင့် သုတ် သင်ရှင်းလင်းခဲ့ရခြင်း ဖြစ်ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ NPDF က ပြော သည်။

ရဲ ၂ ဦး သေဆုံးသော ပစ်ခတ်မှုဖြစ်ပွားပြီး ၁၅ မိနစ်ခန့်အကြာတွင် အကြမ်း ဖက်စစ်သား၊ ရဲ အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာကာဝိုင်းဝန်း ပိတ်ဆို့ပြီး သေဆုံးသွားသော ရဲနှစ်ဦး၏ အလောင်းကို သယ်ဆောင်သွားကြောင်း သိရသည်။

ဓာတ်ပုံ- ရဲ ၂ ဦးထံမှ ရရှိသော သေနတ်နှင့်ခဲယမ်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article