31.9 C
Yangon

ပခုက္ကူတွင် ဆိုင်ကယ်နှစ်ယောက်စီးသည်ဟုဆိုကာ စစ်တပ်က လူငယ်နှစ်ဦးကို ပစ်သတ်

Must read

ပခုက္ကူတွင် ဆိုင်ကယ်နှစ်ယောက်စီးသည်ဟုဆိုကာ စစ်တပ်က လူငယ်နှစ်ဦးကို ပစ်သတ်

ရန်ကုန်၊ ဇန်နဝါရီ ၁၃

မကွေးတိုင်း၊ ပခုက္ကူမြို့၊ စက်မှုဇုန်နှင့် မြို့သစ်အကြား၊ ကာနီပယ် KTV ဆိုင်အနီးတွင် ဇန်နဝါရီ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် ဆိုင်ကယ်နှစ်ယောက်စီးသည်ဟုဆိုကာ စစ်တပ်က လူငယ်နှစ်ဦးကို ပစ်ခတ် သတ်ဖြတ်လိုက် ကြောင်း ဒေသတွင်းသတင်းရင်းမြစ်နှင့် ဒေသခံများထံမှ သိရသည်။

ပခုက္ကူမြို့နယ်၊ ကျွဲတဲရွာတွင် နေထိုင်သူလူငယ် ၄ ဦးသည် ဆိုင်ကယ်နှစ်စီးဖြင့် စက်မှုဇန်အနီးရှိ KTV ဆိုင်တစ်ဆိုင်သို့ လာရောက်ပြီး ဆိုင်ကယ်ဖြင့် ပြန်လည်ထွက်ခွာစဉ် အကြမ်းဖက်စစ်တပ်နှင့် ထိပ်တိုက်တိုးကာ လူငယ် ၂ ဦး ပစ်ခတ်သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း၊ ကျန်လူငယ် ၂ ဦးမှာလည်း စစ်တပ်၏ ရိုက်နှက်ဖမ်းဆီးခြင်းကို ခံရကြောင်း သိရသည်။

“လူငယ်တွေပဲ။ စစ်တပ်က ပစ်သတ်လိုက်တာ။ မိသားစုတွေကတော့ ညနေ ၅ နာရီလောက်ကျမှ နာရေးကားနဲ့ အလောင်းလာ သယ်သွားတာ၊ တစ်ယောက်က မျက်နှာတစ်ခြမ်းလုံး စုတ်ပြတ်သတ်သွားတယ်၊ တစ်ယောက်က ရင် ဘတ် ထိတာ” ဟု ပခုက္ကူမြို့ခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ပခုက္ကူမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဆိုင်ကယ်နှစ်ဦး မစီးရန် အမိန့်ထုတ်ပြီးနောက် စစ် တပ်က ပြည်သူများကို ပစ်သတ်နေခြင်းဖြစ်ကြောင်း၊ အမျိုသမီး ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးထက်မနည်းကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း ၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၆ နာရီအချိန် ဆိုင်ကယ်ဖြင့် လှည့်လည်ဈေးရောင်းသူ အမျိုးသမီး ၁ ဦးကိုလည်း အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ်တွင် ပြည်သူကို သတ်ဖြတ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်များ။

Photo- AFP။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article