34 C
Yangon

ပခုက္ကူ ၊ ကန်တော်ရွာလမ်းဆုံရှိ စစ်သားများကို ဒရုန်းဖြင့်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး သေနတ် တစ်လက်ရရှိ၊ မင်းကင်းတွင် စစ်ကြောင်း မိုင်းမိပြီး ၇ ဦးခန့်သေဆုံးနိုင်

Must read

ပခုက္ကူ ၊ ကန်တော်ရွာလမ်းဆုံရှိ စစ်သားများကို ဒရုန်းဖြင့်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး သေနတ် တစ်လက်ရရှိ၊ မင်းကင်းတွင် စစ်ကြောင်း မိုင်းမိပြီး ၇ ဦးခန့်သေဆုံးနိုင်

ရန်ကုန်၊ ဇန်နဝါရီ ၁၆

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာလမ်းဆုံရှိ အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်းသား ၃ ဦးသေဆုံးခဲ့ပြီး သေနတ်တစ်လက်သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၁၃ ရက် နံနက် ၈ နာရီခန့်မှ ညနေ ၃ နာရီခန့်အထိ ခရီးသွားပြည်သူများကို အနိုင်ကျင့်ဆက်ကြေး ကောက်ခြိမ်းခြောက်ငွေတောင်းနေသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သား ၃ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ MA 1 သေနတ်တစ်လက်၊ ကျည် ၂၅ တောင့်ပါ ကျည်ဘောက် တစ်ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုလုပ်ဆောင်ရာတွင် ခရီးသွားမိဘပြည်သူများ အထိအခိုက်မရှိစေရန် သေချာချိန်ဆ လုပ်ဆောင် ခဲ့ရခြင်းဖြစ်ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ၏ အဆိုအရ သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်လက်ဒေသ၊ ပွင့်လျက်လမ်းခွဲတွင် အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ပါဝင်သော စစ်ကြောင်းကို မိုင်း ၅ ကြိမ်ဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးခန့်ထိခိုက်သေဆုံးနိုင်ကြောင်း မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၁၆ ရက် နံနက် ၆ နာရီခွဲခန့်က မင်းကင်းမြို့မှ တောင်လက်ဒေသသို့ ထွက်ခွာလာသော အင်အား ၇၀ ခန့်သော စစ်ကြောင်းက စစ်ကား ၃ စီး၊ ဆိုင်ကယ် အစီး ၂၀ ခန့်ဖြင့် ထွက်ခွာလာစဉ် နံနက် ၉ နာရီအချိန် ပွင့်လျက်လမ်းခွဲအရောက် ဒေါင်းခေတ် ပြည်သူ့ကာကွယ်ရေး အဖွဲ့နှင့် မင်းကင်းမြို့နယ်အမှတ် ၁၁ တပ်ရင်းတို့က တိုက်မိုင်း ၃ လုံး၊ ဆွဲမိုင်းများဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်သားနှင့် ပျူစောထီး ၇ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရထိခိုက်သေဆုံး နိုင်ပြီး အထိနာသွားသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများက လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ ကြောင်း သိရသည်။

အလားတူ ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်နေ့က ပွင့်လျက်လမ်းခွဲသို့ ကင်းလှည့်ထွက်လာသော စစ်ကြောင်းကို နံနက် ၈ နာရီခန့်တွင် တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီခန့်တွင် တစ်ကြိမ်၊ ညနေ ၅ နာရီ မိနစ် ၂၀ တွင်တစ်ကြိမ်၊ ည ၈ နာရီခန့်တွင် တစ်ကြိမ် တိုက်မိုင်း ၄ လုံး၊ ၄ ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးမှု သေချာမသိရှိရသေးကြောင်း မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article