28 C
Yangon

ပုလဲမြို့နယ်၊ ကန်ဒေါင့် ရဲစခန်းကို PDF တပ်ပေါင်းစုများ ဝင်ရောက်တိုက်ခိုက်မှု စစ်သားနှင့် ရဲ သေဆုံးမှုများပြား

Must read

ပုလဲမြို့နယ်၊ ကန်ဒေါင့် ရဲစခန်းကို PDF တပ်ပေါင်းစုများ ဝင်ရောက်တိုက်ခိုက်မှု စစ်သားနှင့် ရဲ သေဆုံးမှုများပြား

ရန်ကုန်၊ ဇန်နဝါရီ ၈

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲနယ်မြေရဲစခန်းကို ဒေသပြည်သူ့ ကာ ကွယ် ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ စစ်သားနှင့် ရဲ ၃၀ ခန့် သေဆုံးကြောင်း M7 PDF တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၇ ရက် ညနေ ၃ နာရီခန့်တွင် ပုလဲမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်၊ ဆားလင်း ကြီးမြို့နယ်အတွင်းရှိ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစ ခန်း သိမ်းပိုက်ခါနီးတွင် စစ် ရဟတ်ယာဉ်နှစ်စီးဖြင့် ပစ်ကူပေးပြီး အကြမ်း ဖက်စစ်သား ၅၀ ခန့်ကိုချကာ စစ်ကူပေးခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

“မနေ့က ပေ ၁၀၀ အနီးလောက်ရောက်ပြီးမှ ရဟတ်ယာဉ် ၂ စီးနဲ့လာပစ်တာ၊ ဆားလင်းကြီးက စစ်ခွေး ၅၀ လောက်ကိုလည်း ချထားပေးခဲ့တယ်၊ အဲဒါကြောင့် ပြန်ဆုတ်ခဲ့ရတယ်၊ အဖွဲ့အစုံ၊လူအစုံ ကျကျနနတိုက်ခဲ့ ကြတာ၊ လေယာဉ်နဲ့ တအားပစ်နေတာကြောင့် အကုန်ပြန်ဆုတ်ခဲ့ရတာ စစ်ခွေးတွေ ဘယ်လောက် သေ တယ်ဆိုတာအတည်မပြုနိုင်ခဲ့ဘူး။ ၃၀ လောက်သေတယ်တို့တော့ သတင်း ကြားတယ်” ဟု M7 PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၈ ရက် နေ့တွင်လည်း မြိုင်၊ ပုလဲ၊ပေါက်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေး ပူး ပေါင်းတပ်ဖွဲ့မှ ကန့်ဒေါင့်ရဲစခန်းကို ထပ်မံ ဝင် ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်က ရဟတ် ယာဉ်နှစ်စီးဖြင့် ပစ်ကူပေးပြီး အကြမ်းဖက်စစ်သား ၅၀ ခန့်ကို ထပ်မံ အင်အား ထပ်ဖြည့်ပေးခဲ့ကြောင်း သိရသည်။

“ဒီနေ့က အဖွဲ့မစုံလိုက်ဖူး၊ လူစုနေတုန်း ရဟတ်ယာဉ်က တောက်လျှောက် တက်လာတာ၊ ဒီနေ့က ပွဲကောင်း ကောင်းမတိုက်လိုက်ရဘူး၊ မနေ့က စစ်ခွေးတွေ အသေအဆုံးများတာကြောင့်ရယ်၊ စခန်းသိမ်းဖို့ နည်းနည်း လိုတာ ရယ်ကြောင့် ဖြစ်မယ်၊ MI 35 က ပစ်ကူပေးတယ်၊ MI 17 ကလူချတယ်၊ အင်အားကတော့ ရှိတယ်” ဟု M 7 PDF မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

၂ ရက်ဆက်တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ကန်ဒေါင့် ကျေးရွာအပါအဝင် အနီးအနားရှိ ကျေးရွာ ၁၀ ရွာမှ ပြည်သူများ စစ်ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင် နေကြရကြောင်း သိရသည်။

ရဲစခန်းကို တိုက်ခိုက်မှုတွင် M7 PEOPLE’S DEFENSE ARMY ၊ တပ်ရင်း- ၉ ၊ တပ်ရင်း – ၁၂ ၊ Royal seven ၊ ဒေါင်း နက် ၊ MVRF ၊ PSG ၊ PRA – ၉ ၊ PRA – ၁၃ ၊ MRG ၊ မြိုင်တပ်ရင်း – ၃ သပြေတော ၊ မြိုင် ပကဖ ရင်း ၁ ၊ 7Star Guerrilla Force ၊ ပုလဲဂျိုကာ ရင်း ၁၉ တို့အပါအဝင် ဒေသမဟာမိတ်အဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ပုလဲမြို့နယ်မှ အကြမ်းဖက်ရဲများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article