37 C
Yangon

ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီလ ၁၄

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ကျေးရွာရှိ အကြမ်းဖက်စစ်သားတပ်များတပ်စွဲထားရာ ရဲစခန်းကို လက်နက်ကြီး အလုံးပေါင်း ၁၀၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျားသစ်နက်တပ်မတော်မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၁၄ ရက် နံနက် ၇ နာရီမှ ၁၀ နာရီခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး ၈၀ မမ လက်နက် ကြီး အလုံး ၁၀၀ ၊ တာဝေးပစ် Rocket အလုံး ၃၀ ကျော် ဖြင့် ပစ်ခတ်ကာ လက်နက်ငယ်များဖြင့် ပိတ် ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်း ထိခိုက်မှုရှိခဲ့ပြီး ကျားသစ်နက် ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေပဲကလည်း လက်နက်ကြီးတွေနဲ့ပြန်ထုတယ်၊ အပြန်အလှန်အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့ တာပါ၊ မနေ့က တောင်ရွာသစ်ကျေးရွာနဲ့ သရက်လှရွာကို စစ်ခွေးတွေက မီးရှို့ဖျက်ဆီးခဲ့သေးတယ်၊ တောင်ရွာသစ်မီးရှို့တုန်း ကျနော်တို့တပ်တွေ တရစပ်ဝင်ပစ်တော့ ထွက်ပြေးသွားတယ်၊ ဒီနေ့တော့ ဝင် တိုက်လို့ မထွက်တော့ဘူး” ဟု ကျားသစ်နက်တပ်မတော် -BPLA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ကျားသစ်နက်တပ်မတော် (B.L.P.A)မှဦးဆောင်ကာ ယင်းမာပင်ခရိုင်အမှတ်၂၈ ဓါးမဆိုင်းတပ်မတော်၊ ပခုက္ကူခရိုင် အမှတ်-၁၄ တပ်ရင်း၊ M.P.Lအလယ်မြေပြောက်ကျားတပ်ဖွဲ့၊ Gen -21၊ သိန်းငှက်နီပြောက်ကျားတပ်ဖွဲ၊ ရွှေဟင်္သာ ပြောက်ကျားတပ်ဖွဲ့၊ ခိုင်လေးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခုဇန်နဝါရီလ အတွင်း ၄ ကြိမ်မြောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article