31 C
Yangon

ပုလဲ၊ ကန့်ဒေါင့်ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်၊ မုံရွာတွင် စစ်တပ် မော်တော် ၁ စီးကို ပစ်ခတ်တိုက်ခိုက်

Must read

ပုလဲ၊ ကန့်ဒေါင့်ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်၊ မုံရွာတွင် စစ်တပ် မော်တော် ၁ စီးကို ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၉ နာရီမှ စတင်ကာ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ကန့်ဒေါင့်ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ညနေ ၆ နာရီထိ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျားသစ်နက် တပ်မတော် (B.L.P.A)၊ ယင်းမာပင်ခရိုင် အမှတ်- ၁၁ တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ်-၁၅ တပ်ရင်း၊ ယင်းမာပင်ခရိုင် အမှတ်-၁၂ တပ်ရင်း၊ ဗိုလ်မာဃ တပ်ဖွဲ့၊ ဒေါင်းညို ပြောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အလုံမင်းဒေါင့်ဆိပ်ကမ်းမှ ချင်းတွင်းမြစ်အတွင်း ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ် မော်တော် ၁ စီးကို ချင်းတွင်းမြစ်ကမ်းဘေးတစ်နေရာတွင် ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ တပ်ခွဲ ၁ Brother Defense Force အဖွဲ့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၃ ရက်နေ့တွင် အလုံမင်းဒေါင့်ဆိပ်ကမ်းမှထွက်ခွာလာသော အကြမ်းဖက် စစ်တပ်မှ စစ်သား အင်အား ၅၀ ကျော်ပါ မော်တော် ၁ စီးကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article