28 C
Yangon

ပေါက်မြို့နယ်နှင့်ပခုက္ကူတို့တွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

Must read

ပေါက်မြို့နယ်နှင့်ပခုက္ကူတို့တွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၄

မကွေးတိုင်း၊ ပေါက်မြိုနယ်၊ လယ်ဘဲ့ကျေးရွာဘက်သို့ ဦးတည်ကင်းပတ်လာသည့် ကုက္ကိုစုပျူစောထီးရွာရှိ အကြမ်းဖက်စစ်ကောင်စီဝင်များနှင့် ပျူစောထီးများကို ဇန်နဝါရီ ၁၂ ရက်နေ့ ‌မွန်းလွဲဲ ၁၂ ခွဲအချိန်တွင် တော်လှန်ရေးရဲဘော်များ ထောင်ထားသည့် တိုင်မိုင်းနင်းမိသည့်အပြင် ‌ထပ်မံ၍ မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း မြိုင် ပကဖက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီဝင်နှင့် ပျူစောထီး ၂ ‌ဦးသေကာ ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း မြိုင် ပကဖ က သတင်းထုတ်ပြန်သည်။

““(ကြိုတင်ထောင်ထားတဲ့) တိုင်မိုင်းမိတာပါဗျ။ နောက်တစ်ကြိမ်က ပေပါမိုင်းနဲ့ ထပ်ခွဲတာ။ မိုင်းဆွဲပြီး ပြန်ဆုတ်ခဲ့တာပါ။ ရဲဘော်တွေဘက်က ထိခိုက်မိတာ မရှိပါဘူး” ဟု မြိုင် ပကဖ မှ ရန်ကုန်ခေတ်သစ် သတင်းဌာနသို့‌ပြောကြားသည်။

တိုက်ခိုက်မှုကို မြိုင် ပကဖ နှင့် အတူ Anonymous Special Task Force PAUK အဖွဲ့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာနှင့် ကုန်းတက်ကန်ကျေးရွားကြားတွင် ထန်းပင်မြစ်တူးရန် လာသော ပျူစောထီးနှစ်ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ဦး သေဆုံးခဲ့ကြောင်း Royal Defense Force (RDF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁၂ ရက် နေ့လည် ၁ နာရီခန့်က ဆိုင်ကယ်ဖြင့် အင်ပင်ကျေးရွာမှ ပျူစောထီး နှစ် ဦး ရွာမြောက်ဘက်သို့ ထန်းပင်မြစ်တူးရန်လာရောက်ကြောင်း သတင်းအရ Royal Defense Force အဖွဲ့မှ သွား ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး စိုးမင်းနိုင်မှာ သေနတ်ထိမှန်ပြီး တမာပင်ဝင်တိုက်ကာ သေဆုံးသွား ကြောင်း သိရသည်။

“ထန်းပင်မြစ်တူးလာတယ်သတင်းရလို့ သွားပစ်တာ၊ မြင်တော့ ဆိုင်ကယ်နဲ့ထွက်ပြေးတာနဲ့လှမ်းပစ် လိုက်တာ၊ ပျူစောထီးစိုးမင်းနိုင်က သေနတ်မှန်ပြီး တမာပင်ဝင်တိုက် သေဆုံးသွားတယ်၊ သူ့အပေါင်းပါ ကတော့ ပေါင်နဲ့လက်ကို ကျည်ထိပြီး ပခုက္ကူဆေးရုံကို ပို့ထားရတယ်တို့ သတင်းရပါတယ်” ဟု Royal Defense Force မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article