37 C
Yangon

ပဲခူးတွင် ရာအိမ်မှူး ညီဂျော်နှင့် ပျူစောထီးဟု သတ်မှတ်ခံရသူတို့ ပစ်ခတ် ခံရ ပြီး သေဆုံး

Must read

ပဲခူးတွင် ရာအိမ်မှူး ညီဂျော်နှင့် ပျူစောထီးဟု သတ်မှတ်ခံရသူတို့ ပစ်ခတ် ခံရ ပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ အိုင်းကုန်းကျေးရွာရှိ ရာအိမ်မှူး ညီဂျော် (ခ) ထွန်း ထွန်းနိုင်ကို ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံး ခဲ့ ကြောင်း Bago Region PDF တပ်ဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်တွင် အိုင်းကုန်းရွာရှိ ရာအိမ်မှူး ညီဂျော် (ခ) ထွန်းထွန်းနိုင်ကို သဲကုန်းမြို့နယ် ပကဖ၊ မြို့ပြပျောက်ကြားအဖွဲ့က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးသွား ခြင်း ဖြစ် ကြောင်းသိရသည်။

သေဆုံးသွားသော ရာအိမ်မှူး ညီဂျော် (ခ) ထွန်းထွန်းနိုင်သည် အကြမ်းဖက် စစ် ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လူဦးရေ အိမ်ထောင် စု စာရင်းများ ကောက်ယူလျက်ရှိကြောင်း၊ ထို့ပြင် စစ်ကောင်စီ အားကိုးဖြင့် ကျေး ရွာနေ ပြည်သူများအား နိုင်ထက် စီးနင်း ခြိမ်းခြောက်ပြုမူခြင်း၊ စစ်ကောင်စီထံ ဆက်ကြေး ကောက်ပေးသွင်းခြင်း၊ စစ်ကောင်စီ၏ တရားမဝင် ရွေး ကောက် ပွဲ ကျင်းပနိုင်ရေး လူဦးရေအိမ်ထောင်စုစာရင်းများ ကောက်ယူခြင်းများကို ကျူး လွန် ဆောင်ရွက်‌နေသောကြောင့် နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ် ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ကျောက်တံခါး မြို့ နယ် သမင်အင်းကုန်းကျေးရွာမှ ပျူစောထီးဟု သတ်မှတ်ခံရသူ လှကြိုင်ကို ကျောက် တံတခါး မြို့နယ် ပကဖ က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ် ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး လှကြိုင်သည် အကြမ်းဖက်စစ်ကောင်စီ၏ သ တင်း ပေးတစ်ဦး ဖြစ်ပြီး စစ်ကောင်စီအားကိုးဖြင့် ကျေးရွာနေ ပြည် သူ များကို အနိုင်ကျင့်ဗိုလ်ကျခြိမ်းခြောက်ခြင်း၊ စစ်ကောင်စီ၏ တရားမဝင်‌ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လူဦးရေ အိမ်ထောင်စုစာရင်းများကို ကိုယ်တိုင်ကိုယ်ကျ အား တက် သရော ခြိမ်းခြောက် ကောက်ခံခြင်းများကို ဆောင်ရွက်နေသူ ဖြစ်ကြောင်း Bago Region PDF တပ်ဖွဲ့ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article